Academic Papers on Buddhist Culture and History

Saturday, September 5, 2026
BuddhismUncategorized

Concepts of 544 BC and 483 BC Regarding Buddha’s Parinibbāna (Myanmar Text)

ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်ပြုတဲ့နှစ် ၅၄၄ ဘီစီ နှင့် ၄၈၃ ဘီစီ အယူအဆ

မြန်မာသက္ကရာဇ်မှ ခရစ်နှစ် (AD) ကိုပြောင်းရာမှာ (+638) ထဲ့ပေါင်းရခြင်း

(ITBMU, Silver Jubilee Magazine, December 2023, p- 164)

  ဒေါက်တာဇင်ထွန်းတင့်

သမိုင်းလေ့လာသူ၊ သင်ကြားသူများကြားမှာ သိသင့်တဲ့အကြောင်းများကတော့ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန် ပြုတဲ့နှစ် ၅၄၄ ဘီစီ နှင့် ၄၈၃ ဘီစီ အယူအဆကွဲပြားမှုနဲ့ မြန်မာသက္ကရာဇ် (ကောဇာသက္ကရာဇ်) မှ ခရစ် နှစ် (AD) ကိုပြောင်းရာမှာ (+638) ထဲ့ပေါင်းရတဲ့ ကိစ္စများဘဲဖြစ်ပါတယ်။

ယခုနှစ် မြန်မာ သက္ကရာဇ် “၁၃၈၈” (1388+638= 2026 AD) ဖြစ်သလို၊ (AD 2026-638= 1388 ME) ဖြစ်ပါတယ်။ 638 ဆိုတာ (638 AD) ဖြစ်ပါ တယ်။ ပထမဆုံးသိရန်ကတော့ သက္ကရာဇ်ဖြိုခြင်း “ဏဝစန္ဒ”၊ “ဒေါဒေါရသ”၊ “ခဆပဉ္စ” အကြောင်းများ ဖြစ်ပါတယ်။

ဒုတိယတင်ပြချင်တာက မဟာသက္ကရာဇ်၊ မြန်မာသက္ကရာဇ် အင်္ဂလိပ်စာအတိုသုံး “Abbreviation” များမှာ ME (Mahā Era), ME (Myanmar Era), BE (Burmese Era), BE (Buddhist Era) စသည်ဖြင့် ယခင်၊ ယခု အသုံးများ ရောထွေးနေခြင်းကိစ္စဖြစ်ပါတယ်။ မဟာသက္ကရာဇ်က ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်မပြုမှီ ကာလဖြစ်ပြီး၊ သာသနာနှစ်ကတော့ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုပြီးကာလ ဖြစ်ပါတယ်။ မဟာသက္ကရာဇ်ကို Mahā Era (အတိုသုံး ME) ဖြစ်ပါတယ်။ ထို့အတူ သာသနာနှစ်ကိုလဲ Sasana Sakarit, Year of Religion, Anno Buddhae (အတိုသုံး AB), Buddhist Era (အတိုသုံး BE) ဖြစ်ပါတယ်။

AD – Anno Domini (Latin) ကိုလူတိုင်းသိကြပေမဲ့ AB (Anno Buddhae) ကို ယခုကာလမှာ အသုံး နည်းလို့မသိကြပါဘူး။ AD ကိုလဲ “After Death” လို့ အမှတ်မှားကြပါတယ်။ AB ကို ယခင်က သမိုင်း ပညာရှင်တွေသုံးခဲ့ကြပါတယ်။ ဥပမာ AB အသုံးကို ခရစ်နှစ် ၁၈၉၂ မှာထုတ်ဝေခဲ့တဲ့ ကျောက်စာဝန် တော်စိန်ခိုရဲ့ ကလျာဏီကျောက်စာ အင်္ဂလိပ်ဘာသာပြန်မှာတွေ့နိုင်ပါတယ်။

 … In 1601, Anno Buddhae, and 419 Sakkarāj, King Anuruddha, the Lord of Arimaddanapura, brought a community of priests together with the Tipitaka (from Rāmaññadesa), and established the Religion in Arimaddanapura, otherwise called Pugāma (Bagan)… [1]

မြန်မာနိုင်ငံရဲ့ ယခင်နာမည်က Burma ဖြစ်ပြီး၊ ယခုအခါ Myanmar လို့ပြန်ပြောင်းထားပါတယ်။ ဒါကြောင့်ယခင်က မြန်မာသက္ကရာဇ် (ကောဇာသက္ကရာဇ်) ကို Burmese Era (BE) လို့အတိုသုံးပြီး၊ ယခုအခါ မြန်မာသက္ကရာဇ်ကို Myanmar Era (ME) လို့ အတိုသုံးပါတယ်။ ယခုနှစ်မှာ 1385 ME ဖြစ် ပါတယ်။

မြန်မာနိုင်ငံက ယခင်စာအုပ်၊ စာပေတွေမှာ “BE” ကို Burmese Era အဖြစ်သုံးသလို၊ “BE” သည် Buddhist Era သာသနာနှစ်လဲဖြစ်နေပြန်ပါတယ်။ တစ်ခါ ယခင်စာအုပ်၊ စာပေတွေမှာ မဟာသက္ကရာဇ် ကို Mahā Era (ME) လို့အတိုသုံးပြီး၊ ယခုအခါ “ME” သည် ကောဇာသက္ကရာဇ် Myanmar Era (ME) လဲ ဖြစ်နေပြန်ပါတယ်။ တစ်ခြားသော ထေရဝါဒနိုင်ငံများနဲ့ နိုင်ငံတကာက ဗုဒ္ဓစာပေများမှာလဲ မဟာ သက္ကရာဇ် Mahā Era ကို “ME” လို့ဘဲသုံးနေကြသလို၊ သာသနာနှစ် Buddhist Era ကိုလဲ “BE” လို့ဘဲ အတိုသုံးများကို သုံးနေကြပါတယ်။

သို့သော်မြန်မာနိုင်ငံအတွက်က “BE” သည် “Buddhist Era (or) Burmese Era” ဖြစ်နိုင်သလို၊ “ME” သည်လည်း “Mahā Era (or) Myanmar Era” ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ပညာရပ်စာပေများမှာ စာဖတ်သူရော‌ထွေးနိုင်တဲ့ အတိုသုံးများ “BE, ME” တို့ကို မသုံးဘဲ၊ အရှည်သုံးများသာသုံးသင့်ပြီး၊ အတိုသုံးရင်လဲ Abbreviation ရဲ့မူရင်းကို ဖေါ်ပြပေးစေလိုပါ တယ်။

ဒီစာတမ်းမှာအရေးကြီးတဲ့အချက်က ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်ပြုတဲ့နှစ်ကို 544 BC နဲ့ဘဲတင်ပြထား ပါတယ်။ မြန်မာနိုင်ငံနဲ့ အခြားထေရဝါဒနိုင်ငံတွေမှာလဲ ဗုဒ္ဓဘုရားရှင်ပရိနိဗ္ဗာန်ပြုတဲ့နှစ်ကို 544 BC ဟု အစဉ်အဆက် မှတ်သားကြပါတယ်။ ဒါပေမဲ့ အနောက်တိုင်း ပညာရှင်တွေ ကတော့ 483 BC လို့ယူဆ ပါတယ်။ ဒါကြောင့် ဒီမှတ်သားချက်နှစ်ခုမှာ နှစ်ပေါင်း (၆၁) နှစ်ကွာခြားနေပါတယ်။

ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ “ပုဂံခေတ်နိုင်ငံရေးသမိုင်း” စာအုပ်မှာလဲ

… သာသနာနှစ်ကို မြန်မာတွေက ခရစ်နှစ်မပေါ်မီ 544 BC မှာစတယ်လို့ ယူဆကြတယ်။ သမိုင်းသုတေသီတွေက ခရစ်နှစ်မပေါ်မီ 483 BC လို့ပြင်ပါတယ်။ ဒါကြောင့် သာသနာနှစ်ကို ခရစ်နှစ်တွက်ယူတဲ့အခါ ခရစ်နှစ်မပေါ်မီ ၄၈၃ ကိုဘဲ အသုံးပြုပါ တယ်… [2]

လို့ ရေးထားပါတယ်။

ဒေါက်တာသန်းထွန်းရဲ့ “ကျော်စွာတစ်ရာ” စာအုပ်နဲ့၊ မူရင်းစာအုပ်ဖြစ်တဲ့ Michael H. Hart ရေးသားခဲ့တဲ့ “A ranking of the most influential persons in history” စာအုပ်တွေမှာလဲ ဗုဒ္ဓကို (563 BC- 483 BC) လို့ဘဲရေးထားပါတယ်။ [3]

ဒီမှာတင် 483 BC ကို ယူပြီးသာသနာနှစ်ကို တွက်မယ်ဆိုပါက မြန်မာနိုင်ငံမှာ လက်ရှိသုံးစွဲနေတဲ့ ပြက္ခဒိန်များမှာဖေါ်ပြချက်နဲ့ လုံးဝကွဲလွဲသွားပါမယ်။ ပြက္ခဒိန်များရဲ့အပေါ်မှာကြည့်ပါက ယခု သာသနာနှစ် (၂၅၇၀ ခုနှစ်)၊ မြန်မာသက္ကရာဇ် (၁၃၈၈ ခုနှစ်)၊ ခရစ်နှစ် (2026 AD) လို့ရေးထား ပါတယ်။

သာသနာနှစ်ကို အလွယ်ကူဆုံးတွက်ယူနိုင်ပါတယ်။ ၅၄၄ ဘီစီကိုယူရင် ယခုနှစ် 2026 AD ဖြစ်လို့၊ (၂၀၂၆+၅၄၄=  ၂၅၇၀) ယခုနှစ် သာသနာနှစ် ၂၅၇၀ ကိုရပါမယ်။ အေဒီနဲ့ ဘီစီ ပေါင်းရ ကိန်းကို BP= Before Present (AD+BC= BP) လို့ခေါ်ပါတယ်။ 

အကယ်၍ ၄၈၃ ဘီစီကိုယူပါက (၂၀၂၆+၄၈၃= ၂၅၀၉) ၊ ယခုနှစ်သာသနာနှစ် ၂၅၀၉ ကိုရပါမယ်။ ၆၁ နှစ်လိုနေပါမယ်။ ဒါဆိုရင် ပြက္ခဒိန်တွေရဲ့ သာသနာနှစ်ကို ဘယ်ပညာရှင်တွေကတာဝန်ယူပြီးပြင်ဆင်ကြမှာလဲဆိုတဲ့ အငြင်းပွားစရာ မေးခွန်း တွေပေါ်လာမှာပါ။

ဒီနေရာမှာ ပရိနိဗ္ဗာန်ပြုတာ 544 BC ဆိုပေမဲ့ အချို့နိုင်ငံခြားသား မှတ်တမ်းတွေမှာတော့ 477 BC (or) 487 BC လို့ ဆိုပါတယ်။ “The year of the Buddha’s death is still the subject of controversy.”

ဒေါက်တာ J. F. Fleet ရဲ့ ၁၉၀၉ ခုနှစ်က Journal of the Royal Asiatic Society (JRAS) မှာရေးသား ခဲ့တဲ့ The day on which Buddha died [4] စာတမ်းမှာ ဗုဒ္ဓဘုရားရှင်ပရိနိဗ္ဗာန်ပြုတဲ့နှစ်ကို 483 BC လို့ရေးခဲ့သလို၊ Alexander Cunningham ရေးသားတဲ့ Book of Indian Eras” စာအုပ်မှာ 544 BC [5] ကိုအတည် ပြုထားပေမဲ့၊ C. Mabel Duff ရေးသားတဲ့ The chronology of Indian history” စာအုပ်မှာတော့ 477 BC လို့ယူဆပါတယ်။[6]

ဒါတွေနဲ့ပတ်သက်လို့ ၁၉၀၉ ခုနှစ်က (JRAS) မှာ Dr Fleet ရေးသားခဲ့တဲ့ 483 BC ကိစ္စနဲ့ပတ်သက်လို့ C. O Blagden နဲ့ Dr Fleet ကြား အပြန်အလှန်ရှင်းလင်းချက်၊ အငြင်းပွားမှုတွေကို JRAS မှာ လအလိုက်၊ နှစ်အလိုက်ဖေါ်ပြခဲ့သလို၊ [7] နောက် နှစ်နှစ်အကြာ (၁၉၁၁) မှာလဲ ကျောက်စာဝန် တော်စိန်ခို က (JRAS) နဲ့ မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် (JBRS) မှာ ကြားဝင်ရှင်းလင်းခဲ့ပါတယ်။[8] အထက်ပါအပြန်အလှန်ဖြေရှင်း၊ ငြင်းခုန်ချက်များက မြန်မာနိုင်ငံက ယုံကြည်လက္ခံထားတဲ့ သီဟိုဠ်မူ၊ မြစေတီကျောက်စာပါအချက်များဘဲဖြစ်ကြပါတယ်။

ယခုဆက်လက်တင်ပြမဲ့ သက္ကရာဇ်ဖြိုရတဲ့အကြောင်းများမှာလဲ ၅၄၄ ဘီစီနဲ့ဘဲ တွက်ချက် ထားကြတာဖြစ်ပါတယ်။

ပထမအကြိမ်သက္ကရာဇ်ဖြိုခြင်း

ဘုရားသခင်၏ဘိုးတော် (မယ်တော်မာယာ၏ ခမည်းတော်) အဉ္စနမင်းတရားကြီးလက်ထက် သက္ကရာဇ် (၈၆၄၇) ခုနှစ်မှာ (၈၆၄၅) ခုကို ဖြိုပြီး သက္ကရာဇ် (၂) ခု ကြွင်းထားခဲ့ပါတယ်။ ဒီကိန်းကို “ဏဝစန္ဒ” ကိန်းလို့ခေါ်ပါတယ်။ ပိဋကတ်သင်္ချာနည်းဖြင့်ဆိုပါက (ဏ=၅)၊ (ဝ=၄)၊ (စန်=၆)၊ (ဒ=၈) (၅၄၆၈) ဖြစ်ပါ တယ်။ ထိုကိန်းကိုပြောင်းပြန်လှန်လိုက်ရင် (၈၆၄၅) ဖြစ်ပါတယ်။ ထိုနှစ်ခုကြွင်းထားသောနှစ်ကို “မဟာသက္ကရာဇ်” လို့ ခေါ်ပါတယ်။ဘုရားသခင်ကမဟာသက္ကရာဇ် (၆၈) ခုနှစ် ကဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူခဲ့ပါတယ်။ [9]

Pitaka Arithmetic ပိဋက သင်္ချာနည်း

ပိဋကသင်္ချာနည်းဆိသည်မှာ ရရှိလာသောကိန်းဂဏန်းများကို စုစည်းရရှိသည့်အတိုင်း အစဉ်လိုက်မယူဘဲ ပြောင်းပြန် (အနောက်မှအရှေ့သို့) ပြန်လှန်၍ ယူရခြင်း ဖြစ်သည်။

ယေဘုယျအားဖြင့် ရှေးဟောင်းပေပုရပိုက်နှင့် စာပေကျမ်းဂန်များတွင် ကျမ်းပြီးမြောက်သည့် သက္ကရာဇ် (သို့မဟုတ်) နှစ်ကာလများကို ဖော်ပြရာ၌ ဤပိဋကသင်္ချာနည်းကို အသုံးပြုလေ့ရှိကြသည်။ ပိဋကသင်္ချာဆိုသည်မှာ နှစ်ကာလကဲ့သို့သော ဂဏန်းတန်ဖိုးများကို ဗျည်းအက္ခရာများဖြင့် ကိုယ်စားပြုဖော်ပြသည့် နည်းစနစ်ဖြစ်သည်။ ထို့ကြောင့် ၎င်းကို “ရှေးဟောင်းအက္ခရာသင်္ချာနည်း” ဟု ခေါ်ဆိုနိုင်ပါသည်။

ဒုတိယအကြိမ်သက္ကရာဇ်ဖြိုခြင်း

ဘုရားရှင်သည် သက်တော်(၈၀)၊ မဟာသက္ကရာဇ် (၁၄၈) ခုနှစ်၊ (544 BC) ကဆုန်လပြည့်နေ့ မိုးသောက် အချိန်မှာ ကုသိနာရုံပြည် မလ္လာမင်းတိုရဲ့ အင်ကြင်းဥယာဉ်မှာ ပရိနိဗ္ဗာန်စံဝင်ခဲ့ပါတယ်။ ယင်းသက္ကရာဇ် ဝါခေါင်လပြည့်ကျော် (၅) ရက်နေ့မှာ ရာဇဂြိုလ်ပြည်မှာ အဇာတသတ်မင်းကြီးကို အမှီပြုပြီး အရှင်မဟာ ကဿပ အမှူးရှိသော ရဟန္တာ (၅၀၀) တို့က ခုနှစ်လပတ်လုံး ပဌမသင်္ဂါယနာ တင်တော်မူခဲ့ကြပါတယ်။

အရှင်မဟာကဿပ အမှူးရှိသော ရဟန္တာ (၅၀၀) တို့က ပဌမသင်္ဂါယနာတင်ပြီးချိန်မှာ သာသနာ နှစ် (၅၀၀၀) ပတ်လုံးတည်တံ့မှာကိုမြင်တာကြောင့် လူတို့သက္ကရာဇ်နဲ့ သာသနာတော်နှစ် ညီမျှစေဘို့ အတွက် အဇာတသတ်မင်းကြီးနဲ့ အရှင်မဟာကဿပ မထေရ်တို့က မဟာသက္ကရာဇ် (၁၄၈) ခုကို ဖြိုပြီး သာသနာတော်နှစ်နဲ့ညီစေဘို့ (၁) ခုကြွင်းထားခဲ့ပါတယ်။ ထိုကိန်းကို (အဌ၊ ဇယ၊ ဧက) ကိန်းလို့ ခေါ်ပါ တယ်။

အဌ= ၈၊ ဇယ=၄၊ ဧက=၁ (၈၄၁) ဖြစ်ပြီး ထိုကိန်းကို ပြောင်းပြန်လှန်ရင် (၁၄၈) ရပါတယ်။ ဒီအချိန်က စပြီး လူတို့ရဲ့ (ဂေါဇာ) ကောဇာသက္ကရာဇ်နဲ့ သာသနာနှစ် တညီတည်းဖြစ်ခဲ့ပါတယ်။

တတိယအကြိမ်သက္ကရာဇ်ဖြိုခြင်း

သရေခေတ္တရာပြည် သုမုဒ္ဒရီမင်း နတ်ရွာမစံမှီ သက္ကရာဇ် (၆၂၄) မှာ (၆၂၂) ကိုဖြိုပြီး အတိုသက္ကရာဇ် (၂) ခုထားခဲ့ပါတယ်။ ဒီကိန်းကို “ဒေါဒေါရသ” ကိန်းလို့ခေါ်ပါတယ်။ ဒေါဒေါသဒ္ဒါ ၂ ခုမှာ ဒွိသဒ္ဒါ၏ ပရိယာယ်ဖြစ်တဲ့အတွက် (၂) ဂဏန်းဖြစ်ပါတယ်။ ရသသဒ္ဒါက အရသာ (၆) ပါးကို မှတ်ယူပြီး (၆) ဂဏန်းဖြစ်ပါတယ်။ ရရှိတဲ့ ဂဏန်းက (၂၂၆) ဖြစ်ပြီး၊ ပြောင်းပြန်လှန်ရင် (၆၂၂) ဖြစ်ပါတယ်။ ဒီအခါက စပြီး သာသနာနှစ်နဲ့ ကောဇာသက္ကရာဇ် မတူဘဲ ကွဲလွဲလာခဲ့ပါတယ်။[10]

544 BC မှ နောင်နှစ်ပေါင်း (၆၂၂) နှစ်ကိုတွက်ယူရင် (78 AD) ဖြစ်ပါတယ်။ ဒါကြောင့် သုမုဒ္ဒရီမင်း တတိယအကြိမ် သက္ကရာဇ်ဖြိုတဲ့ နှစ်က (78 AD) ဖြစ်ပါတယ်။ ထူးခြားချက်က ထိုနှစ်က အိန္ဒိယနိုင်ငံ ကုသျှန်မင်းတို့စတင်တည်ထွင် လိုက်တဲ့နှစ်နဲ့တူနေပါတယ်။ ၎င်းကို ‘သကနှစ်’ (Saka Era) လို့ခေါ်ပါတယ်။ ယိုးဒယားနိုင်ငံမှာတော့ ‘မဟာသက္ကရာဇ်’ လို့ခေါ်ပါတယ်။ [11]

စတုတ္ထအကြိမ်သက္ကရာဇ်ဖြိုခြင်း

ပုဂံပြည် ပုပ္ပါးစောရဟန်းမင်း လက်ထက် သက္ကရာဇ် (၅၆၂) မှာ (၅၆၀) ကို ဖြိုခွင်းပြီး အကြွင်း (၂) ခုကို သက္ကရာဇ်တို ပြုလုပ်ခဲ့ပါတယ်။ ဒီဖြိုကိန်းကိုတော့ “ခ၊ ဆ၊ ပဉ္စ” ကိန်းလို့ခေါ်ပါတယ်။ “ခ” သဒ္ဒါက ကောင်းကင်ဟောဖြစ်တာကြောင့် “သုည” ဖြစ်ပြီး ဆ=၆၊ ပဉ္စ=၅ ဖြစ်တာကြောင့် (၀၆၅) ဖြစ်ပါတယ်။ ပြောင်းပြန်ကောက်လိုက်ရင် (၅၆၀) ဖြစ်ပါတယ်။ ဒါကြောင့်လဲ သာသနာနှစ်နဲ့ ကောဇာသက္ကရာဇ် ပိုပြီး ဝေးလာခဲ့ပါတယ်။[12]

နောက်ပိုင်းမင်းများ အင်းဝဘုရင် မိုးညှင်းမင်းတရားလက်ထက် (သက္ကရာဇ် ၈၀၀) ခရစ်နှစ် (1438 AD)မှာ သက္ကရာဇ်ဖြိုဘို့ ကြိုးစားပေမဲ့လဲ ကိန်းလက်မမြောက်တဲ့အတွက်ကြောင့် မဖြိုနိုင်ခဲ့ပေ။

သာသနာနှစ်နဲ့ ကောဇာသက္ကရာဇ် ညီမျှစေလိုရင်တော့ ယခုရောက်နေတဲ့ သက္ကရာဇ်မှာ ဒေါဒေါရသ (၆၂၂) နဲ့ ခ၊ ဆ၊ ပဉ္စ (၅၆၀) တို့ကို ထဲ့ပေါင်းခြင်း(သို့မဟုတ်) (၁၁၈၂) ကို ထဲ့ပေါင်းရင် သာသနာနှစ်ကို ရရှိမှာ ဖြစ်ပါတယ်။ ဥပမာ- ယခုနှစ် 2026 AD မှာ မြန်မာသက္ကရာဇ်(1388 ME)။ ထို့ကြောင့် (1388+1182= 2570 Buddhist Era) ဖြစ်ပါတယ်။ ယခု 2026 AD မှာသာသာနာနှစ် (၂၅၇၀) ဖြစ်ပါတယ်။

၆၃၈ (638) ဂဏန်းဘယ်ကလာသလဲ ?

အထက်ဖေါ်ပြပါ သက္ကရာဇ်ဖြိုတဲ့ အကြောင်းအရာတွေကို သိနားလည်ပြီဆိုရင်တော့ (638) ဂဏန်း ကိစ္စဖြစ်ပါတယ်။ တကယ်တော့ (၆၃၈) က (638 AD) ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗန်စံတဲ့နှစ်၊ မဟာ သက္ကရာဇ် (၁၄၈) ခုနှစ်မှာ အထက်မှာဖေါ်ပြခဲ့တဲ့ အဇာတသတ်မင်းလက်ထက်မှာ အရှင်မဟာကဿပ တို့က ဒုတိယအကြိမ်သက္ကရာဇ်ဖြိုရာမှာ (၁၄၈) ကိုဖြိုပြီး လူတို့သက္ကရာဇ်နဲ့ သာသနာတော်နှစ် ညီမျှစေဘို့အတွက် (၁) ခုကြွင်းထားခဲ့ပါတယ်။ ဒီကာလ ဗုဒ္ဓပရိနိဗ္ဗန်စံတဲ့နှစ်က ခရစ်သက္ကရာဇ် (544 BC) ဖြစ်ပြီးတော့၊ သာသနာသက္ကရာဇ်က (၁ ခုနှစ်) ဖြစ်သလို၊ ကောဇာသက္ကရာဇ် (လူတို့ သက္ကရာဇ်) ကလဲ (၁ ခုနှစ်) ဖြစ်ပါတယ်။

ဒါပေမဲ့ အထက်မှာဖေါ်ပြခဲ့သလို သုမုဒ္ဒရီမင်းက သက္ကရာဇ်ကိုဖြိုလိုက်တဲ့အတွက် သာသနာနှစ်ကတော့ (၆၂၂) အတိုင်းရှိနေပြီး၊ ကောဇာသက္ကရာဇ် ကတော့ (၁ ခုနှစ်) ပြန်ဖြစ်သွားပါတယ်။ ခရစ်နှစ်ကလဲ 78 AD ဖြစ်ပြီး ၎င်းကို “သကနှစ်” (Saka Era) လို့ခေါ်ပါတယ်။ [13] 

ဒါကြောင့် ခရစ်နှစ် 78 AD ဖြစ်နေချိန်မှာ၊ သာသနာနှစ် ၆၂၂ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁ ခုနှစ် ဖြစ်ကြပါတယ်။

နောက်တစ်ခါ ပုဂံပြည်ပုပ္ပါးစောရဟန်းမင်းက စတုတ္ထအကြိမ် သက္ကရာဇ်ဖြိုတဲ့အချိန်က သုမုဒ္ဒရီမင်း သက္ကရာဇ်ကိုဖြိုလိုက်တဲ့ (၁ ခုနှစ်) မှ စတွက်ရင် နောင်နှစ်ပေါင်း (၅၆၀ နှစ်) ကြာချိန်မှာ ကောဇာ သက္ကရာဇ်ကတော့ (၁ ခုနှစ်) ပြန်ဖြစ်သွားပြန်ပါတယ်။ ဒါကြောင့်သာသနာနှစ် ကတော့ဒီအတိုင်း ကျန်နေခဲ့ပါတယ်။ ဆိုလိုတာက ပုပ္ပါးစောရဟန်းမင်းလက်ထက် ကောဇာသက္ကရာဇ် (၁ ခုနှစ်) ပြန်ဖြစ် သွားချိန်မှာ သာသနာနှစ်ကတော့ ဖြိုလိုက်တဲ့နှစ်ခုပေါင်း (၆၂၂+၅၆၀= ၁၁၈၂) ဖြစ်ပါ တယ်။

ဒါကြောင့် သုမုဒ္ဒရီမင်း သက္ကရာဇ်ဖြိုတဲ့နှစ် (78 AD) ကနေ နောင်နှစ်ပေါင်း (၅၆၀) ကြာမှာ ပုပ္ပါး စောရဟန်းမင်းက သက္ကရာဇ်ဖြိုတဲ့အတွက် AD ကို တွက်ဘို့ (78+560= 638) 638 AD ဖြစ်ပါတယ်။ ဒါကြောင့် ပုပ္ပါး စောရဟန်းမင်း သက္ကရာဇ်ဖြိုတဲ့နှစ် 638 AD ဖြစ်နေချိန်မှာ၊ သာသနာနှစ် ၁၁၈၂ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁ ခုနှစ် ဖြစ်ကြပါတယ်။

ဥပမာ- သာသနာနှစ်ကိုရရန် (မြန်မာသက္ကရစ်+ ဒေါဒေါရသ+ ခ ဆ ပဉ္စ) ဖြစ်လို့ (၁၃၈၈+ ၆၂၂+၅၆၀= ၂၅၇၀) ဖြစ်ပြီး၊ မြန်မာသက္ကရစ် ကိုရရန် (၂၅၇၀- ၁၁၈၂= ၁၃၈၈) ဖြစ်ပါတယ်။ မြန်မာသက္ကရစ်မှ ခရစ်သက္ကရစ်ကိုရရန် (၁၃၈၈+ ၆၃၈ = ၂၀၂၆ အေဒီ) ဖြစ်ပါတယ်။ [14]

ဒါကြောင့်နောက်ဆုံးလိုချင်တဲ့ အဖြေဖြစ်တဲ့ “၆၃၈” ဆိုတာ 638 AD ဖြစ်ပါတယ်။

အချုပ်ဆိုရသော် ဤစာတမ်းသည် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုသည့်နှစ်ကို 544 BC ကို အခြေခံတင်ပြ ထားခြင်းဖြစ်ရာ၊ အကယ်၍ 483 BC ကိုထားမည်ဆိုပါက အထက်ဖေါ်ပြပါ သက္ကရာဇ်ဖြိုခဲ့သည့်ခုနှစ်များ လွဲမှားစေကုန်မည့်အပြင် မြန်မာတစ်နိုင်ငံလုံးတွင် သုံးစွဲနေကြသော ပြက္ခဒိန်များတွင်ဖေါ်ပြထားသော ယခုလက်ရှိ ခရစ်သက္ကရာဇ် 2026 AD ၏ သာသနာနှစ်ကို “၂၅၇၀” မှ (၆၁) နှစ်လျှော့ချပြီး သာသနာ နှစ်ကို “၂၅၀၉” နှစ်ဟုပြင်ဆင်ရမှာဖြစ်ပါတယ်။

ထို့ကြောင့် ဗုဒ္ဓဘာသာသမိုင်းကြောင်းကို လေ့လာ၊ ရေးသား၊ သင်ကြားပို့ချနေကြသော ပညာရှင်များအနေဖြင့် အနောက်တိုင်း ပညာရှင်များ၏အယူအဆ ဖြစ်သော 638 BC ကိုလည်းထဲ့သွင်းဖေါ်ပြသင့် သလို၊ ထေရဝါဒဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာနေထိုင်ကြသော ထေရဝါဒဗုဒ္ဓ ဘာသာဝင်များအနေဖြင့် ထေရဝါဒဗုဒ္ဓဘာသာဝင်တို့က သတ်မှတ်ထားသော ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် ပြုခဲ့သည့်ခုနှစ်ဖြစ်သော 544 BC ကိုလည်းမျက်ကွယ်မပြုသင့်ပါ။ ဤခုနှစ် သက္ကရာဇ်နှစ်ခုကို နှိုင်းယှဉ် ဖေါ်ပြ ရှင်းလင်းသင့်ကြောင်း တင်ပြအပ်ပါသည်။

 ဒေါက်တာဇင်ထွန်းတင့်

အချိန်ပိုင်းဧည့်ပါမောက္ခ

အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်

Note

[1]   “Kalyānī Inscriptions erected by King Dhammacetī at Pegu (Bago) in 1476 AD” Text and Translation by Taw Sein Ko, 1892, p-49.

     (ဤစာတန်းပါ JBRS စာတမ်းများတွင်လည်း Anno Buddhae (AB) ကိုသာသုံးစွဲထားကြသည်။)

[2]   ဒေါက်တာသန်းထွန်း၊ ပုဂံခေတ်နိုင်ငံရေးသမိုင်း ၊ ရန်ကုန်၊ ဖိုးဝအော့ဖ်ဆက်၊ ၂၀၀၅၊ စာ- ၁

[3]   ဒေါက်တာသန်းထွန်း၊ ကျော်စွာ ၁၀၀ ၊ ပတွဲ၊ ရန်ကုန်၊ အင်ကြင်းဦးပုံနှိပ်တိုက်၊ ၂၀၀၁၊ စာ- ၂၉

     Michael H. Hart, The 100: A ranking of the most influential persons in history, New York, Carol Publishing Group, 1993, p- 22

[4]   Dr J. F. Fleet, “The day on which Buddha died”, Journal of the Royal Asiatic Society (JRAS), 1909

[5]   Alexander Cunningham, Book of Indian Eras, Calcutta, Thacker, Spink & Co., 1883, pp. 34-36

[6]   C. Mabel Duff, The chronology of Indian history, Delhi, Cosmo Publication, 1972, p.6, (gives 477 BC)

[7]   C. O. Blagden, J. F. Fleet, “The Revised Buddhist Era in Burma”, The Journal of the Royal Asiatic Society of Great Britain and Ireland (JRAS), April, 1910), pp. 474-481

C. O. Blagden, “The Early Use of the Buddhist Era in Burma”, JRAS, (July., 1910), pp. 850-856

[8]   Taw Sein Ko, “The early use of the Buddhist Era in Burma”, Journal of Burma Research Society (JBRS), Vol.1, Part. 1, 1911, p- 31, (Hereafter cited as Taw Sein Ko, “Buddhist Era in Burma”)

C. O. Blagden, Taw Sein Ko, “Early Use of the Buddhist Era in Burma”, JRAS, January, 1911, pp. 209-216

[9]   အရှင်ကောဝိဒသာမိ၊ သီဟိုဠ်ရှင်ဘုရားသမိုင်း၊ ရန်ကုန်၊ ဇမ္ဗူ့မိတ်ဆွေပိဋကတ်ပုံနှိပ်တိုက်၊ ၁၉၅၃၊ စာ- ၂၂၊

[10] ယင်း ၊ စာ- ၂၇-၂၈။          May Aung, “The Burmese Era”, JBRS, Vol. 2, Part. 2, 1912, p- 198

[11] Taw Sein Ko, “Buddhist Era in Burma”, p- 31

     Taw Sein Ko, Burmese Sketches, Rangoon (Yangon), British Burma Press, 1913, p- 61-64. (Hereafter cited as “Burmese Sketches”)

     May Aung, “The Chronology of Burma”, Journal of Burma Research Society (JBRS), Vol. 2, Part. 1, 1912, p- 14

    May Aung, “The Burmese Era”, JBRS, Vol. 2, Part. 2, 1912, pp- 197- 200

    ဦးမြ၊ “မြန်မာအစပုဂံက”၊ ပုဂံရက်သတ္တပတ်ဟောပြောချက်များ ၊ ရှေးဟောင်းသုတေသန၊ ၁၉၆၀၊ စာ- ၅၆-၅၇

[12] သီဟိုဠ်ရှင်ဘုရား ၊ စာ- ၂၈- ၂၉

[13] U Hla, “The chronological dates of the kings of Burma (Myanmar) who reigned at Thayekhittaya (Ancient Prome) and at Pagan (Bagan)”, JBRS, Vol. 13, Part. 2, 1923, p- 83-84

[14] Burmese Sketches, pp- 61-64

ကျမ်းကိုး

  • ကောဝိဒသာမိ၊ အရှင်၊ သီဟိုဠ်ရှင်ဘုရားသမိုင်း၊ ရန်ကုန်၊ ဇမ္ဗူ့မိတ်ဆွေပိဋကတ်ပုံနှိပ်တိုက်၊ ၁၉၅၃။
  • မြ၊ ဦး၊ “မြန်မာအစပုဂံက”၊ ပုဂံရက်သတ္တပတ်ဟောပြောချက်များ ၊ ရှေးဟောင်းသုတေသန၊ ၁၉၆၀။
  • သန်းထွန်း၊ ဒေါက်တာ၊ ကျော်စွာ ၁၀၀ ၊ ပတွဲ၊ ရန်ကုန်၊ အင်ကြင်းဦးပုံနှိပ်တိုက်၊ ၂၀၀၁။
  • သန်းထွန်း၊ ဒေါက်တာ၊ ပုဂံခေတ်နိုင်ငံရေးသမိုင်း ၊ ရန်ကုန်၊ ဖိုးဝအော့ဖ်ဆက်၊ ၂၀၀၅။
  • Blagden, C. O., & Fleet, J. F., “The Revised Buddhist Era in Burma”, The Journal of the Royal Asiatic Society of Great Britain and Ireland (JRAS), April, 1910
  • Blagden, C. O., “The Early Use of the Buddhist Era in Burma”, JRAS, July, 1910
  • Blagden, C. O., & Taw Sein Ko, “Early Use of the Buddhist Era in Burma”, JRAS, (January, 1911)
  • Cunningham, Alexander, Book of Indian Eras, Calcutta, Thacker, Spink & Co., 1883
  • Duff, C. Mabel, The chronology of Indian history, Delhi, Cosmo Publication, 1972
  • Fleet, J. F. “The day on which Buddha died”, Journal of the Royal Asiatic Society (JRAS), 1909
  • Hla, U, “The chronological dates of the kings of Burma (Myanmar) who reigned at Thayekhittaya (Ancient Prome) and at Pagan (Bagan)”, Journal of Burma Research Society (JBRS), Vol. 13, Part. 2, 1923
  • Kalyānī Inscriptions erected by King Dhammacetī at Pegu (Bago) in 1476 AD” Text and Translation by Taw Sein Ko, 1892
  • May Aung, “The Burmese Era”, Journal of Burma Research Society (JBRS), Vol. 2, Part. 2, 1912
  • May Aung, “The Chronology of Burma”, Journal of Burma Research Society (JBRS), Vol. 2, Part. 1, 1912
  • Michael, H. Hart, The 100: A ranking of the most influential persons in history, New York, Carol Publishing Group, 1993.
  • Taw Sein Ko, Burmese Sketches, Rangoon (Yangon), British Burma Press, 1913
  • Taw Sein Ko, “The early use of the Buddhist Era in Burma”, Journal of Burma Research Society (JBRS), Vol. 1, Part. 1, 1911.

25 thoughts on “Concepts of 544 BC and 483 BC Regarding Buddha’s Parinibbāna (Myanmar Text)

  • [6214]olxtoto Official Login | Trusted Online Slots & Fast Payouts MY,olxtoto provides a secure platform for the best online slots in Malaysia. Get the official apk download for easy access and enjoy the fastest payouts. Join now! visit: olxtoto

    Reply
  • [5663]sumtoto Official Login | Fast Payout Online Slot Malaysia,sumtoto offers a premium gaming experience. Download the app for easy access to live casino baccarat and enjoy a fast payout system. Join the action today! visit: sumtoto

    Reply
  • [5376]kk333 Official Login | সেরা অনলাইন ক্যাসিনো ও দ্রুত বিকাশ পেমেন্ট,kk333 অফিসিয়াল লগইন করে সেরা অনলাইন ক্যাসিনো গেম উপভোগ করুন। অ্যাপ ডাউনলোড করুন এবং দ্রুত বিকাশ পেমেন্টের সুবিধা নিন। আজই জয়েন করুন। visit: kk333

    Reply
  • [3767]99sl: Login Resmi Situs Slot Gacor Hari Ini Deposit Dana,99sl menyediakan akses login resmi untuk main baccarat online dan download apk terbaru. Proses daftar slot deposit dana cepat dan mudah. Gabung sekarang juga! visit: 99sl

    Reply
  • [1535]jeewin Official Login | বিকাশ পেমেন্ট এবং সেরা ক্যাসিনো বোনাস,jeewin অ্যাপ ডাউনলোড করে উপভোগ করুন সেরা লাইভ ক্যাসিনো গেম এবং আকর্ষণীয় বোনাস। বিকাশ পেমেন্টে দ্রুত লেনদেনের সুবিধা পেতে আজই জয়েন করুন। visit: jeewin

    Reply
  • [2319]fly99 Official Login | Trusted Online Casino Malaysia Fast Payout,fly99 provides a secure platform for premium gaming. Access the official app download for a trusted slots experience with fast payouts. Join and start playing today. visit: fly99

    Reply
  • [3910]Ormastoto | Login Resmi Link Alternatif Situs Slot Gacor Hari Ini,Ormastoto menyediakan akses login resmi dan link alternatif terbaru. Nikmati kemudahan judi casino deposit pulsa serta panduan main roulette online. Daftar sekarang! visit: ormastoto

    Reply
  • [4863]l44 Official Login | সেরা অনলাইন স্লট ও দ্রুত বিকাশ পেমেন্ট,l44 অফিশিয়াল লগইন করে সেরা অনলাইন স্লট গেমসের অভিজ্ঞতা নিন। দ্রুত বিকাশ পেমেন্ট এবং সহজ গেম নিয়ম জানতে আজই অ্যাপটি ডাউনলোড করুন। visit: l44

    Reply
  • [1014]dk999 Official Login | বিকাশ পেমেন্ট ও সেরা ক্যাসিনো বোনাস,dk999 অ্যাপ ডাউনলোড করে সহজেই স্লট গেম খেলার নিয়ম জানুন। বিকাশ পেমেন্টের মাধ্যমে দ্রুত লেনদেন এবং আকর্ষণীয় বোনাস উপভোগ করতে আজই জয়েন করুন। visit: dk999

    Reply
  • [3597]cv666net অফিসিয়াল লগইন | সেরা অনলাইন স্লট ও দ্রুত বিকাশ পেমেন্ট,cv666net অ্যাপ ডাউনলোড করে লাইভ ক্যাসিনো খেলার নিয়ম জানুন এবং দ্রুত বিকাশ পেমেন্টের মাধ্যমে আপনার গেমিং অভিজ্ঞতা শুরু করুন। আজই যোগ দিন। visit: cv666net

    Reply
  • [2548]Edutoto: Login Resmi & Link Alternatif Slot Gacor Terpercaya,Edutoto menyediakan akses login resmi dan link alternatif terbaru. Nikmati berbagai pilihan slot gacor hari ini dengan deposit via Dana. Daftar dan mainkan sekarang! visit: edutoto

    Reply
  • [3998]kikiya Official Login | বিকাশ ডিপোজিট ও সেরা লাইভ ক্যাসিনো বোনাস,kikiya অ্যাপ ডাউনলোড করে অনলাইন স্লট গেমের নিয়ম জানুন এবং বিকাশ দিয়ে দ্রুত ডিপোজিট করে আপনার অভিজ্ঞতা শুরু করুন। আজই জয়েন করুন। visit: kikiya

    Reply
  • [983]Gading22 | Login Resmi Situs Slot Gacor Terpercaya Deposit Pulsa,Gading22 menyediakan akses login resmi untuk bermain slot gacor. Nikmati kemudahan daftar casino deposit pulsa dan download APK agar lebih praktis. Gabung sekarang! visit: gading22

    Reply
  • [8412]Bettillt | Link Vào Chính Thức – Hướng Dẫn Chơi Baccarat Online,Bettillt cung cấp link vào mới nhất và hướng dẫn tải app chính thức. Khám phá luật chơi xóc đĩa online cùng cách nạp tiền qua Momo nhanh chóng. Truy cập ngay! visit: bettillt

    Reply
  • [8270]Casino99 | Link Vào Chính Thức – Hướng Dẫn Chơi Baccarat Online,casino99 cung cấp link truy cập chính thức, hỗ trợ tải app mới nhất và hướng dẫn nạp tiền qua Momo nhanh chóng. Khám phá ngay kho game đa dạng và trải nghiệm uy tín. visit: casino99

    Reply
  • [4996]Arcticbets | Link Vào Mới Nhất – Casino Trực Tuyến Uy Tín Số 1,Arcticbets cung cấp link vào mới nhất không bị chặn. Tải app chính thức để trải nghiệm baccarat online và nạp tiền qua ví điện tử nhanh chóng. Truy cập ngay hôm nay! visit: arcticbets

    Reply
  • [2750]Crazytower | Link Vào Mới Nhất – Game Quay Hũ Đổi Thưởng Uy Tín,Crazytower cung cấp link vào mới nhất để tải app chính thức. Trải nghiệm nạp tiền casino nhanh chóng và khám phá cách chơi baccarat online dễ dàng. Tham gia ngay! visit: crazytower

    Reply
  • [3837]Betwest – Link Login Chính Thức | Casino Trực Tuyến Uy Tín Số 1,Betwest cung cấp link truy cập an toàn, hướng dẫn tải app APK nhanh chóng và hỗ trợ nạp tiền qua ví điện tử tiện lợi. Khám phá sảnh game đẳng cấp và tham gia ngay. visit: betwest

    Reply
  • [8279]horuscasino | Link Vào Chính Thức – Casino Trực Tuyến Uy Tín,horuscasino cung cấp trải nghiệm casino trực tuyến uy tín với app apk tiện lợi và hỗ trợ nạp tiền qua Momo nhanh chóng. Khám phá sảnh cược đẳng cấp và tham gia ngay. visit: horuscasino

    Reply
  • [7046]5999bet Official Login | সেরা ক্যাসিনো বোনাস ও দ্রুত বিকাশ পেমেন্ট,5999bet অ্যাপ ডাউনলোড করে উপভোগ করুন সেরা অনলাইন স্লট গেম। দ্রুত বিকাশ পেমেন্ট গেটওয়ে ও আকর্ষণীয় বোনাস পেতে আজই লগইন করুন। visit: 5999bet

    Reply
  • [9698]Luckyking Official Login | Online Slots Philippines with GCash,luckyking offers a seamless app download and exciting GCash casino bonuses for Filipino players. Enjoy top online slots and baccarat. Join the action today! visit: luckyking

    Reply
  • [1157]অনলাইন বেটিং (ku9)-সেরা ক্যাসিনো বাংলাদেশ ও অফিসিয়াল লগইন লিংক,KU9 বাংলাদেশে সেরা অনলাইন বেটিং ও ক্যাসিনো প্ল্যাটফর্ম। অফিসিয়াল লগইন লিঙ্কের মাধ্যমে যুক্ত হয়ে খেলুন জনপ্রিয় সব গেম। নিরাপদ পেমেন্ট ও আকর্ষণীয় বোনাস পেতে আজই ভিজিট করুন। visit: ku9

    Reply
  • [7219]7slots Login Oficial | Mejores Slots Online y Depósitos Instantáneos,7slots te ofrece acceso al login oficial y la opción de descargar la apk para jugar desde tu móvil. Disfruta de ruleta y juegos rápidos con pagos veloces. ¡Únete ya! visit: 7slots

    Reply
  • [4591]Rushbet Official Login | সেরা অনলাইন স্লট ও দ্রুত বিকাশ পেমেন্ট,rushbet অফিসিয়াল লগইন করে সেরা অনলাইন স্লট গেমগুলো উপভোগ করুন। দ্রুত বিকাশ পেমেন্ট এবং আকর্ষণীয় বোনাস নিয়মাবলী জানতে আজই অ্যাপটি ডাউনলোড করুন। visit: rushbet

    Reply
  • [8312]Winner Login Oficial | Descarga la APK y las Mejores Slots,Accede a winner para disfrutar las mejores slots online. Realiza depósitos con codiac y aprende las reglas de blackjack. ¡Regístrate ahora y comienza a jugar! visit: winner

    Reply

Leave a Reply

Your email address will not be published. Required fields are marked *

Translate »