နိုင်ငံရေးသိပ္ပံ (Political Science)
နိုင်ငံရေးသိပ္ပံ (Political Science)
နိုင်ငံရေးဆိုတာ နိုင်ငံတော်၏အရေးအရာကိစ္စရပ်အားလုံးနှင့်သက်ဆိုင်တာကြောင့် နိုင်ငံရေးသည် နိုင်ငံသား အားလုံးရဲ့ အရေးကိစ္စများပင်ဖြစ်ပါတယ်။။ “နိုင်ငံရေး” ဆိုတဲ့ဝေါဟာရက ယနေ့မြန်မာနိုင်ငံမှာ ရေပန်းစားနေတဲ့ ဝေါဟာရတစ်ခု ဖြစ်နေပါတယ်။
“နိုင်ငံရေး” (Politics) ဟူသောစကားလုံးကဂရိဘာသာစကား (Politikos) မှဆင်းသက် လာတာဖြစ်ပါတယ်။ Polis ဟူသောဂရိစကားက အင်္ဂလိပ်ဘာသာ “City State” မြို့နိုင်ငံကိုဆိုလိုပါတယ်။ ယင်းမြို့နိုင်ငံများရဲ့အရေးအရာများကို စီမံခန့်ခွဲဆောင်ရွက်လုပ်ကိုင်ခြင်း၊ ယင်းသို့လုပ်ဆောင်နိုင်သည့် အခွင့်အာဏာနှင့်အတတ်ပညာများကို ဂရိဘာသာစကား (Politikos) ဟုခေါ်ဆိုခြင်းဖြစ်ပါတယ်။
နိုင်ငံရေးသိပ္ပံ (Political Science) ဘာသာရပ်နှင့်ပတ်သက်၍ ပညာရေးကဏ္ဍတွင် သိပ္ပံဘာသာရပ်ဆိုသည်မှာ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ စသည့်ဘာသာရပ်များဖြစ်ပြီး၊ ဝိဇ္ဇာဘာသာရပ်များမှာ သမိုင်း၊ ပထဝီဝင် စသည်တို့ဟု သတ်မှတ်ထား သဖြင့် သိပ္ပံပညာဆိုသည့် စကားလုံးမှာ သာမန်ပြည်သူများအတွက် မရှင်းလင်းပေ။ အမှန်မှာ သိပ္ပံပညာ “Science” ဆိုသည်မှာ စနစ်တကျစမ်းသပ်၍ လေ့လာဆည်းပူးရရှိသော အသိပညာရပ်ကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။
နိုင်ငံရေးသိပ္ပံက လူမှုရေးသိပ္ပံ (Social Science) ဘာသာရပ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံရေးကို လူ့ဘဝမှာ ရှောင်လွှဲ၍မရနိုင်ပါဘူး။ ဒါ့ကြောင့်နိုင်ငံရေးသိပ္ပံဟာ လိုအပ်တဲ့ပညာရပ်တစ်ခုဖြစ်လာပါတယ်။ နိုင်ငံရေး သိပ္ပံဘာသာရပ်ဟာ တစ်ချိန်ကအလွန်လူကြိုက်များခဲ့သောဘာသာရပ်တစ်ခုဖြစ်ခဲ့တာကိုတွေ့ရပါတယ်။။ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို ရန်ကုန် တက္ကသိုလ် ခေတ်သစ်သမိုင်းနှင့် နိုင်ငံရေးသိပ္ပံဌာန (Department of Modern History and Political Science) က သင်ကြားပို့ချပေးခဲ့ပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ရန်ကုန်တက္ကသိုလ်မှာ မဟာဌာနသုံးခု တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ၁၉၄၈ မှာတော့ စိုက်ပျိုးရေးမဟာဌာန၊ ၁၉၅၈ မှာ သစ်တောပညာမဟာဌာနနှင့် လူမှုရေးသိပ္ပံမဟာဌာန (Faculty of Social Science) တို့ဖြစ်ကြပါတယ်။ ခေတ်သစ်သမိုင်းနှင့် နိုင်ငံရေးသိပ္ပံဌာန (Department of Modern History and Political Science) က လူမှုရေးသိပ္ပံမဟာဌာနလက်အောက်မှာ ပါ၀င်ဖွဲ့စည်းထားပါတယ်။ ၁၉၅၆ နောက်ပိုင်းကာလများမှာ ဝိဇ္ဇာ ပညာရပ်များ ပြန်လည်ခေတ်စားလာခဲ့ပါတယ်။ ဝိဇ္ဇာဘာသာရပ်များအနက် သမိုင်း၊ နိုင်ငံရေးသိပ္ပံနှင့် ဘောဂဗေဒ ဘာသာရပ်များကတော့ ကျောင်းသားအကြိုက်များသော ဘာသာရပ်များဖြစ်လာခဲ့ပါတယ်။
နိုင်ငံရေးသိပ္ပံကို တက္ကသိုလ်မှာ စတင်သင်ကြားစဉ်ကတည်းက လူကြိုက်များခဲ့ခြင်းမှာ ဘာသာရပ်တွင်ပါ၀င်တဲ့ အကြောင်းအရာများက စိတ်ဝင်စားဘွယ်ကောင်းတာကြောင့်ဖြစ်ပါတယ်။ ပညာရပ်အနေဖြင့်စိတ်ဝင်စားဘွယ်ကောင်းတဲ့ အပြင် အစိုးရအမှုထမ်း၊ အရာထမ်းလုပ်သည့်အခါမှာလည်း လက်တွေ့အသုံးချနိုင်ခြင်း၊ နိုင်ငံရေးလုပ်ရာတွင်လည်း ထောက်အပံ့ ဖြစ်စေခြင်း၊ နေ့စဉ်လူ့ဘဝတွင်ရင်ဆိုင်ရသည့် ပြဿနာများကိုဖြေရှင်းရာတွင် အသုံးဝင်ခြင်းတို့ကြောင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို နှစ်ခြိုက်ကြခြင်းဖြစ်ပါတယ်။
စစ်မဖြစ်မီက အရာထမ်း၊ အမှုထမ်းဖြစ်ဘို့ရည်မှန်းတဲ့ ကျောင်းသားများနဲ့ နိုင်ငံရေး လုပ်လိုတဲ့ကျောင်းသားများဟာ နိုင်ငံရေးသိပ္ပံကိုသင်ယူကြတယ်လို့သိရှိရပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပင်လျင် တက္ကသိုလ်ကျောင်းသားဘဝက နိုင်ငံရေးသိပ္ပံကို ယူခဲ့ပါတယ်။
နိုင်ငံရေးဟူသောဝေါဟာရရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်စပ်လျဉ်းပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက
အမှန်တကယ်ကတော့နိုင်ငံရေးသိပ္ပံပညာဆိုတာ လူ့အဖွဲ့အစည်းဖြစ်သော နိုင်ငံနှင့်အစိုးရကို လေ့လာခြင်းပင် ဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံကို လေ့လာခြင်းဖြင့် အစိုးရနှင့်အစိုးရ၏အုပ်ချုပ်ပုံများ၊ နိုင်ငံရေးနှင့်အုပ်ချုပ်ရေးကို လွှမ်းမိုးနေသော သဘော တရားများ၊ အုပ်ချုပ်ရေးဌာန (Executive)၊ ဥပဒေပြုဌာန (Legislative)၊ တရားစီရင်ရေးဌာန (Judiciary) ဟူသော မဏ္ဍိုင်သုံးရပ်ဖြင့် အာဏာခွဲဝေပုံ၊ အချုပ်အခြာအာဏာပိုင်ခွင့် (Sovereignty)၊ ပြည်သူ့အခွင့်အရေး၊ နိုင်ငံရေးပါတီတို့၏ အခန်းကဏ္ဍ၊ အသည်းကြားမှမဲတစ်ပြား၏တန်ဘိုး၊ ပြည်သူ့ကိုယ်စားလှယ်များမည်သို့ရွေးချယ်ပုံတို့ကို နားလည် သဘောပေါက် လာကြမှာဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်၏သဘောသဘာဝကို ဆွေးနွေးခြင်း၊ အစိုးရပုံသဏ္ဌန် အမျိုးမျိုးတို့၏ အားသာချက် များကို နှိုင်းယှဉ်လေ့လာခွင့်ရခြင်းတို့ကြောင့် လူတစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက်ချနိုင်မှုကို အထောက် အကူပြုစေနိုင်မှာဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံဟာ လူသားတို့ရဲ့ နိုင်ငံရေးအခွင့်အရေးများနှင့် တာဝန် ၀တ္တရားများကို သိရှိနားလည်စေခြင်း၊ နိုင်ငံသားတို့အား နိုင်ငံရေးသမားကောင်းဖြစ်ရန်လေ့ကျင့်ပေးခြင်းစတဲ့ အကျိုးတရား များကိုလည်းရရှိစေပါတယ်။
နိုင်ငံရေးသိပ္ပံဘာသာရပ်သင်ကြားလေ့လာရန်လိုအပ်ခြင်း
ယနေ့ကာလမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ကြားလေ့လာရာမှာ နိုင်ငံတော်တစ်ခုတည်းကို သာလေ့လာ၍ မရဘဲ နေရာပေါင်းစုံ၊ ဘက်ပေါင်းစုံမှနေ၍ လေ့လာနေတဲ့ကာလဖြစ်တာကြောင့် ခေတ်သစ်နိုင်ငံရေးသိပ္ပံဘာသာရပ် (Modern Political Science) ကို “Comparative Study” ပုံစံဖြင့်ချဉ်းကပ်လေ့လာ သင်ကြားရမှာဖြစ်ပါတယ်။
ထို့ပြင် “Modern Political Theory” မှာ အမျိုးသားရေးဝါဒ (Nationalism)၊ အစွန်းရောက်မျက်ကန်း မျိုးချစ်ဝါဒ (Ultra Nationalism/ Extreme Nationalism/ Chauvinism)၊ လူမျိုးစုကိုသာအခြေခံသောအမျိုးသားရေးဝါဒ (Ethno Nationalism) တို့ကို လေ့လာ ရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံမှီတင်းနေထိုင်သောနိုင်ငံဖြစ်၍ အမျိုးသားရေးဝါဒ “Nationalism” မှာအလွန်အရေးကြီးပါသည်။ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒကိုမရောက်ရှိစေရန် အလွန် အရေးကြီးသဖြင့် လူငယ်များကို ခေတ်သစ် ပညာရပ်များအပြင် မှန်ကန်သော အမျိုးသားရေးဝါဒကို နားလည်သဘောပေါက်စေရန် ခေတ်သစ် နိုင်ငံရေးသိပ္ပံဘာသာရပ်သည် အရေးတကြီးသင်ယူ၊ သိမြင်ရမည့် ဘာသာရပ်တစ်ခုဖြစ်လာနေပါတယ်။
ဒါ့အပြင် “Modern Political Theory” မှာ “National Power” ဟာလည်းအရေးပါတဲ့ အခန်းကဏ္ဍမှ နေ လေ့လာရမှာဖြစ်ပါတယ်။ တိုင်းပြည်တစ်ပြည်ဟာ မည်မျှပင် ချမ်းသာကြွယ်ဝနေစေကာမူ ကာကွယ်ရေး အင်အားမရှိရင် သူတစ်ပါးအနိုင်ကျင့်ခြင်းခံရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် National Power အရေးကြီးပုံကိုလည်း လေ့လာသင်ကြားရမှာဖြစ်ပါတယ်။
နိုင်ငံရေးသိပ္ပံအပြင် Globalization, Media စသည်တို့ကိုလည်းသိနားလည်လေ့လာရမည် ဖြစ်ပါသည်။ Political Situation တစ်ခုကို ပြောင်းလဲသွားနိုင်သည့်အနေအထားတွင် Media ကဏ္ဍသည် အရေးကြီးလာသည်ကို တွေ့ရသည်။ မီဒီယာသည်လည်း ဘက်မလိုက်သည့် မီဒီယာဖြစ်ရန်လိုအပ်သည်။
နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံရေးနောက်ခံ (သို့မဟုတ်) နောက်ခံသမိုင်း
နိုင်ငံရေးသိပ္ပံကိုလေ့လာရာမှာ မိမိနိုင်ငံ၊ အခြားသောကမ္ဘာ့နိုင်ငံများရဲ့ နောက်ခံသမိုင်းကြောင်း က လိုအပ်လာ ပြန်ပါတယ်။ ဒီနေရာမှာ သမိုင်းပညာရှင်၊ သမိုင်းပညာနဲ့ဘွဲ့ရမှနိုင်ငံရေးသိပ္ပံကို လေ့လာနိုင်ရမှာ မဟုတ်ဘူးဆိုတာ အားလုံးသိကြ ပါတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံ၏ အရေးကိစ္စ၊ ပြည်သူအားလုံးရဲ့ အရေးကိစ္စဘဲဖြစ်ပါတယ်။
မြန်မာကို မြန်မာကသိဘို့၊
ကမ္ဘာကို မြန်မာကသိဘို့နဲ့
မြန်မာကို ကမ္ဘာကသိဘို့
ဆိုတဲ့ စကားသုံးလုံးဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတာကိုတွေ့ရပါတယ်။
ပထမဆုံး လူငယ်မျိုးဆက် သစ်တွေ၊ ဂျာနယ်လစ်တွေ၊ နိုင်ငံရေးသမား၊ နိုင်ငံကို အုပ်ချုပ်သူမှအစ ပြည်သူတွေအဆုံးဟာကိုယ့်နိုင်ငံရဲ့သမိုင်းကြောင်းကို သိဘို့ပါ။ ဒါအတွက် အဓိကကတော့ စာပေတွေကိုဖတ်ဘို့ပါဘဲ။ ဒါ့အပြင်ကမ္ဘာ့နိုင်ငံတွေရဲ့ အတိတ်ကာလ၊ လက်ရှိကာလတွေကို သိဘို့လိုလာပါတယ်။ ဒါတွေသိပြီးရင် ကိုယ်နိုင်ငံရဲ့ အတိတ်ကာလ၊ လက်ရှိကာလတွေကိုလဲ ကမ္ဘာကသိဘို့လိုအပ်လာပါတယ်။ ဒုတိယပိုင်းနှစ်ခုကတော့ နိုင်ငံခြားဘာသာစကားတွေ အထူးသဖြင့် အင်္ဂလိပ်စာတတ်ကျွမ်းဘို့နဲ့ ဘာသာပြန်သာပေများ ထွန်းကားဘို့ လိုလာပါတယ်။
ICT လို့ခေါ်တဲ့ Information and Communication Technology ခေတ်၊ Knowledge Age, Digital Age လို့ခေါ်နေတဲ့ဒီခေတ်ကြီးမှာ ဗဟုသုတ၊ နည်းပညာတွေ အားလုံးဟာ လူတိုင်းကိုင်နိုင်တဲ့ ကိုယ့်လက်ထဲက Smart Phone ထဲမှာရှိနေပေမဲ့ ဖေ့(စ်) ဘွတ်(ခ်) ဆယ်လီဖြစ်ဘို့ကြိုးစားနေပြီး ဒီအပေါ်မှာသာ အချိန်တွေကုန်နေကြရင်တော့ ဗဟုသုတ အသိပညာ မကြွယ်ဝသူတွေကို၊ စာပေဗဟုသုတနည်းပါးတဲ့ ခါတော်မှီပညာရှင်တွေက ဟောပြောပို့ချ၊ သင်ကြားပြသ နေကြရရင်တော့ 7Day နေ့စဉ်သတင်းစာ (Friday, February 10, 2017) နေ့မှာ ဆရာမောင်သာချိုရေးခဲ့တဲ့ “လူညံ့များ လက်ခုပ်တီးသောအခါ” ဆိုတဲ့ ဆောင်းပါးကို သတိရမိပါတယ်။
အဲဒီဆောင်းပါးမှာ နယ်တက္ကသိုလ်တစ်ခုမှာ ဟောပြောပို့ချတဲ့ ပုဂ္ဂိုလ်က “ဖွတ်မရ ဓားမဆုံး” ဆိုတဲ့ စကားပုံကိုပြောရာမှာ
He dost not catch the monitor lizard and he lost his chopper.
Source: Myanmar (Burmese) Proverbs, Dr Hla Pe, 2nd Edition, (First Printing, London, John Murray Ltd., 1962)
အထက်ပါ ပုဂ္ဂိုလ်ဟောပြောပြီးချိန်မှာ လက်ခုပ်တွေတီးပြီး ဩဘာပေးကြပါတယ်တဲ့။ ဆရာမောင်သာချိုက ပြောနေတဲ့သူကိုမအံ့ဩဘဲ လက်ခုပ်တီးနေတဲ့ လူတွေကို အံ့ဩတာပါတဲ့။ ပရိသတ်ညံ့လာတဲ့အခါ အပေါစားလက်ခုပ်သံတွေက ဆူညံလာစမြဲပါ။ တကယ့်စာပေ အနုပညာရှင်တွေရဲ့ကြားမှာ တစ်ချို့သောလူတွေဟာ ပရိသတ်အားနည်းတာကိုနင်းပြီး အမှားတွေနဲ့မြှူ ဆွယ်နေခဲ့ ကြတာပါ။
ဒါ့အပြင်ဆရာ့ရဲ့ဆောင်းပါးမှာ သူများဟာသကို ခိုးချပြီး၊ ကိုယ်ပိုင်ဟာသ လုပ်ပြောတာနဲ့၊ ပညာရှင်နဲ့ ဘုရင်ကွာခြားပုံမှာ ဆိုကရေးတီးသေဆုံးရခြင်းကိုလည်း တလွဲတွေပြောတာကို ဗဟုသုတမရှိတဲ့ပရိတ်သတ်က အားပါးတရလက်ခုပ်တီးတဲ့ အကြောင်း တွေဖြစ်ပါတယ်။
နိုင်ငံရေးသိပ္ပံဘာသာရပ်သင်ကြားလေ့လာရခြင်းရဲ့ရည်ရွယ်ချက်
နိုင်ငံရေးဆိုတာ မည်သူနှင့်မျှကင်းလွတ်တာမဟုတ်တဲ့အတွက်ကြောင့် ပြည်သူအားလုံးသိရှိထားဘို့ လိုအပ်ပါတယ်။ ပြည်သူအများ နေ၊ ထိုင်၊ သွားလာ၊ လှုပ်ရှားမှုမှန်သမျှဟာ နိုင်ငံရေးပင်ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း ထိုကဲ့သို့ပင် မိန့်ကြားခဲ့ပါတယ်။ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာသင်ကြားခြင်းဖြင့် တစ်ပါးသူများက မိမိတို့ကိုဝါဒရေးရာအရ လာရောက် ဖိနှိပ်လို့မရနိုင်တော့ပါဘူး။ နိုင်ငံတကာမှာဖြစ်ပျက် နေတဲ့နိုင်ငံရေးအခြေအနေများကိုလည်း လေ့လာဆန်းစစ်ခွင့် ရမှာဖြစ်ပါတယ်။
ဒါ့အပြင် Self Determination လို့သုံးစွဲနေကြတဲ့ ကိုယ့်တိုင်းပြည်ရဲ့ ကံကြမ္မာကို ကိုယ့်ဘာသာဖန်တီးနိုင်ဘို့ အခွင့်အရေး ဆိုတာကလဲ ပြည်သူတစ်ရပ်လုံးက နိုင်ငံရေးအသိစိတ်ဓာတ်၊ နိုင်ငံရေး ရေချိန်မြင့်မားမှုပေါ်မှာ မူတည်နေပြန်ပါတယ်။
နိုင်ငံရေးကိုလေ့လာရာမှာ အတွေးအခေါ် ဒဿနိကဗေဒအမြင် (Philosophy)၊ သမိုင်းကြောင်းကိုအခြေခံ၍ သိရမည့် သမိုင်းအမြင် (Historical Point of View)၊ စီးပွားရေးရှုထောင့် (Economy)၊ ပထဝီဝင်နိုင်ငံရေး (Political Geography)၊ စိတ်ပိုင်းဆိုင်ရာအမြင် (Psychology) စသည့်ရှုထောင့်အမျိုးမျိုးမှ လေ့လာသင်ယူရမှာဖြစ်လို့ ဒီဘာသာရပ်က လူငယ်၊ လူကြီး၊ ကျောင်းသားများအတွက် စိတ်ဝင်စားစရာအကောင်းဆုံး ဘာသာရပ်ဖြစ်နေရခြင်းဖြစ်ပါတယ်။
အချုပ်ဆိုရရင် နိုင်ငံရေးသိပ္ပံဘာသာရပ်ဟာ ပညာရပ်အနေနဲ့ စိတ်ဝင်စားဘွယ်ကောင်းတဲ့အပြင် ကျောင်းသားလူငယ်များ အနေဖြင့် အစိုးရအမှုထမ်း၊ အရာထမ်းလုပ်သည့်အခါမှာ လက်တွေ့အသုံးချနိုင်ခြင်း၊ နိုင်ငံရေးလုပ်ရာမှာ အထောက်အပံ့ ဖြစ်စေခြင်း၊ နေ့စဉ်လူ့ဘဝတွင် ရင်ဆိုင်ရသည့်ပြဿနာများကို ဖြေရှင်းရာမှာလည်း အသုံးဝင်ခြင်းတို့ကြောင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို သင်ကြား လေ့လာရန်လိုအပ်ခြင်း ဖြစ်ပါတယ်။
စာကိုး-
– ဒေါက်တာကျော်ဝင်း၊ နိုင်ငံရေးအတွေးအခေါ်သမိုင်း၊ (A History of Political Thought)
– ဒေါက်တာကျော်ဝင်း၊ ကံ့ကော်မြေမှ ရာပြည့်ရန်ကုန်တက္ကသိုလ်
– The Encyclopedia of Political Science

Science: Knowledge obtained by observation and testing of facts.ထို့ကြောင့် လူမှုရေးသိပ္ပံ (Social Science)၊ နိုင်ငံရေးသိပ္ပံ (Political Science) စသည့်ဘာသာရပ်များ ပေါ်ပေါက်လာသည်ကို တွေ့နိုင်ပေသည်။
နိုင်ငံရေးသိပ္ပံက လူမှုရေးသိပ္ပံ (Social Science) ဘာသာရပ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံရေးကို လူ့ဘဝမှာ ရှောင်လွှဲ၍မရနိုင်ပါဘူး။ ဒါ့ကြောင့်နိုင်ငံရေးသိပ္ပံဟာ လိုအပ်တဲ့ပညာရပ်တစ်ခုဖြစ်လာပါတယ်။ နိုင်ငံရေး သိပ္ပံဘာသာရပ်ဟာ တစ်ချိန်ကအလွန်လူကြိုက်များခဲ့သောဘာသာရပ်တစ်ခုဖြစ်ခဲ့တာကိုတွေ့ရပါတယ်။။ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို ရန်ကုန် တက္ကသိုလ် ခေတ်သစ်သမိုင်းနှင့် နိုင်ငံရေးသိပ္ပံဌာန (Department of Modern History and Political Science) က သင်ကြားပို့ချပေးခဲ့ပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ရန်ကုန်တက္ကသိုလ်မှာ မဟာဌာနသုံးခု တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ၁၉၄၈ မှာတော့ စိုက်ပျိုးရေးမဟာဌာန၊ ၁၉၅၈ မှာ သစ်တောပညာမဟာဌာနနှင့် လူမှုရေးသိပ္ပံမဟာဌာန (Faculty of Social Science) တို့ဖြစ်ကြပါတယ်။ ခေတ်သစ်သမိုင်းနှင့် နိုင်ငံရေးသိပ္ပံဌာန (Department of Modern History and Political Science) က လူမှုရေးသိပ္ပံမဟာဌာနလက်အောက်မှာ ပါ၀င်ဖွဲ့စည်းထားပါတယ်။ ၁၉၅၆ နောက်ပိုင်းကာလများမှာ ဝိဇ္ဇာ ပညာရပ်များ ပြန်လည်ခေတ်စားလာခဲ့ပါတယ်။ ဝိဇ္ဇာဘာသာရပ်များအနက် သမိုင်း၊ နိုင်ငံရေးသိပ္ပံနှင့် ဘောဂဗေဒ ဘာသာရပ်များကတော့ ကျောင်းသားအကြိုက်များသော ဘာသာရပ်များဖြစ်လာခဲ့ပါတယ်။
နိုင်ငံရေးသိပ္ပံကို တက္ကသိုလ်မှာ စတင်သင်ကြားစဉ်ကတည်းက လူကြိုက်များခဲ့ခြင်းမှာ ဘာသာရပ်တွင်ပါ၀င်တဲ့ အကြောင်းအရာများက စိတ်ဝင်စားဘွယ်ကောင်းတာကြောင့်ဖြစ်ပါတယ်။ ပညာရပ်အနေဖြင့်စိတ်ဝင်စားဘွယ်ကောင်းတဲ့ အပြင် အစိုးရအမှုထမ်း၊ အရာထမ်းလုပ်သည့်အခါမှာလည်း လက်တွေ့အသုံးချနိုင်ခြင်း၊ နိုင်ငံရေးလုပ်ရာတွင်လည်း ထောက်အပံ့ ဖြစ်စေခြင်း၊ နေ့စဉ်လူ့ဘဝတွင်ရင်ဆိုင်ရသည့် ပြဿနာများကိုဖြေရှင်းရာတွင် အသုံးဝင်ခြင်းတို့ကြောင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို နှစ်ခြိုက်ကြခြင်းဖြစ်ပါတယ်။
စစ်မဖြစ်မီက အရာထမ်း၊ အမှုထမ်းဖြစ်ဘို့ရည်မှန်းတဲ့ ကျောင်းသားများနဲ့ နိုင်ငံရေး လုပ်လိုတဲ့ကျောင်းသားများဟာ နိုင်ငံရေးသိပ္ပံကိုသင်ယူကြတယ်လို့သိရှိရပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပင်လျင် တက္ကသိုလ်ကျောင်းသားဘဝက နိုင်ငံရေးသိပ္ပံကို ယူခဲ့ပါတယ်။
ယနေ့နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလဲဘဲ Oxford တက္ကသိုလ်ကနေ ၁၉၆၇ ကထဲက နိုင်ငံရေးသိပ္ပံ နဲ့ ဘွဲ့ယူခဲ့တာဖြစ်ပါတယ်။နိုင်ငံရေးသိပ္ပံဘာသာရပ်ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ဖွင့်လှစ်ခဲ့သော ဒေသကောလိပ်ပညာရေး စံနစ်မှာ ပထမနှစ်နှင့်ဒုတိယနှစ်များတွင် မယူမနေရဘာသာရပ်ဖြစ်ခဲ့ပါတယ်။ သို့သော်ခေတ်မှီ နိုင်ငံရေးအတွေးအခေါ်များမဟုတ်ဘဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ တွေးခေါ်မြှော်မြင်ရေးစာတမ်းဖြစ်တဲ့ “လူနှင့်လူ့ပတ်ဝန်းကျင်တို့၏ အညမညသဘောတရား စာတမ်း” ကိုပြဌာန်းသင်ကြားပေးခြင်းဖြစ်ပါတယ်။
နိုင်ငံရေးဟူသောဝေါဟာရရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်စပ်လျဉ်းပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက
“နိုင်ငံရေးမှာကျွန်ုပ်တို့နေ့စဉ်နှင့်အမျှလူ့လောကမှာတွေ့ကြုံနေရသောကိစ္စပင်ဖြစ်သည်။ တစ်နည်း အားဖြင့်ဆိုသော်နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟုဆိုရပေမည်။ ကျွန်ုပ်တို့စားသောက်မှု၊ နေထိုင်မှု၊ သွားလာမှု အစုစုသည် နိုင်ငံရေးပင်ဖြစ်သည်” ဟူ၍မိန့်ကြားခဲ့တာကိုတွေ့ရပါတယ်။အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြား သကဲ့သို့ပင် လူတို့ဟာနိုင်ငံရေးနှင့် ကင်းကွာ၍မရနိုင်ပါ။ ဒီလိုအရေးကြီးတဲ့ လူ့အရေး (နိုင်ငံရေး) ကို လျစ်လျူရှုခြင်းသည် လူ့တာဝန်ပျက်ကွက်ခြင်းပင်ဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံကိုလေ့လာရာမှာ အတိတ်သမိုင်းကြောင်းကို ပစ်ပယ်၍မရပါဘူး။ သမိုင်းအမြင်နဲ့ ကြည့်မယ်ဆိုရင် နိုင်ငံရေး သိပ္ပံဟာ နိုင်ငံတော်၏ဇစ်မြစ်၊ နိုင်ငံရေးအင်စတီကျူးရှင်းများ တိုးတက်လာပုံနှင့် အတိတ်ကာလက သီအိုရီများကို ကိုင်တွယ် ဖြေရှင်းပါတယ်။ နိုင်ငံရေးသိပ္ပံက အနာဂတ်ကိုလည်းမျှော်ကြည့်ပါတယ်။ ဒါကြောင့်နိုင်ငံရေးသိပ္ပံဟာ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို လေ့လာခြင်းပင် ဖြစ်ပါတယ်။
အမှန်တကယ်ကတော့နိုင်ငံရေးသိပ္ပံပညာဆိုတာ လူ့အဖွဲ့အစည်းဖြစ်သော နိုင်ငံနှင့်အစိုးရကို လေ့လာခြင်းပင် ဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံကို လေ့လာခြင်းဖြင့် အစိုးရနှင့်အစိုးရ၏အုပ်ချုပ်ပုံများ၊ နိုင်ငံရေးနှင့်အုပ်ချုပ်ရေးကို လွှမ်းမိုးနေသော သဘော တရားများ၊ အုပ်ချုပ်ရေးဌာန (Executive)၊ ဥပဒေပြုဌာန (Legislative)၊ တရားစီရင်ရေးဌာန (Judiciary) ဟူသော မဏ္ဍိုင်သုံးရပ်ဖြင့် အာဏာခွဲဝေပုံ၊ အချုပ်အခြာအာဏာပိုင်ခွင့် (Sovereignty)၊ ပြည်သူ့အခွင့်အရေး၊ နိုင်ငံရေးပါတီတို့၏ အခန်းကဏ္ဍ၊ အသည်းကြားမှမဲတစ်ပြား၏တန်ဘိုး၊ ပြည်သူ့ကိုယ်စားလှယ်များမည်သို့ရွေးချယ်ပုံတို့ကို နားလည် သဘောပေါက် လာကြမှာဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်၏သဘောသဘာဝကို ဆွေးနွေးခြင်း၊ အစိုးရပုံသဏ္ဌန် အမျိုးမျိုးတို့၏ အားသာချက် များကို နှိုင်းယှဉ်လေ့လာခွင့်ရခြင်းတို့ကြောင့် လူတစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက်ချနိုင်မှုကို အထောက် အကူပြုစေနိုင်မှာဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံဟာ လူသားတို့ရဲ့ နိုင်ငံရေးအခွင့်အရေးများနှင့် တာဝန် ၀တ္တရားများကို သိရှိနားလည်စေခြင်း၊ နိုင်ငံသားတို့အား နိုင်ငံရေးသမားကောင်းဖြစ်ရန်လေ့ကျင့်ပေးခြင်းစတဲ့ အကျိုးတရား များကိုလည်းရရှိစေပါတယ်။
နိုင်ငံရေးသိပ္ပံဘာသာရပ်သင်ကြားလေ့လာရန်လိုအပ်ခြင်း
ယနေ့ကာလမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ကြားလေ့လာရာမှာ နိုင်ငံတော်တစ်ခုတည်းကို သာလေ့လာ၍ မရဘဲ နေရာပေါင်းစုံ၊ ဘက်ပေါင်းစုံမှနေ၍ လေ့လာနေတဲ့ကာလဖြစ်တာကြောင့် ခေတ်သစ်နိုင်ငံရေးသိပ္ပံဘာသာရပ် (Modern Political Science) ကို “Comparative Study” ပုံစံဖြင့်ချဉ်းကပ်လေ့လာ သင်ကြားရမှာဖြစ်ပါတယ်။
ထို့ပြင် “Modern Political Theory” မှာ အမျိုးသားရေးဝါဒ (Nationalism)၊ အစွန်းရောက်မျက်ကန်း မျိုးချစ်ဝါဒ (Ultra Nationalism/ Extreme Nationalism/ Chauvinism)၊ လူမျိုးစုကိုသာအခြေခံသောအမျိုးသားရေးဝါဒ (Ethno Nationalism) တို့ကို လေ့လာ ရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံမှီတင်းနေထိုင်သောနိုင်ငံဖြစ်၍ အမျိုးသားရေးဝါဒ “Nationalism” မှာအလွန်အရေးကြီးပါသည်။ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒကိုမရောက်ရှိစေရန် အလွန် အရေးကြီးသဖြင့် လူငယ်များကို ခေတ်သစ် ပညာရပ်များအပြင် မှန်ကန်သော အမျိုးသားရေးဝါဒကို နားလည်သဘောပေါက်စေရန် ခေတ်သစ် နိုင်ငံရေးသိပ္ပံဘာသာရပ်သည် အရေးတကြီးသင်ယူ၊ သိမြင်ရမည့် ဘာသာရပ်တစ်ခုဖြစ်လာနေပါတယ်။
ဒါ့အပြင် “Modern Political Theory” မှာ “National Power” ဟာလည်းအရေးပါတဲ့ အခန်းကဏ္ဍမှ နေ လေ့လာရမှာဖြစ်ပါတယ်။ တိုင်းပြည်တစ်ပြည်ဟာ မည်မျှပင် ချမ်းသာကြွယ်ဝနေစေကာမူ ကာကွယ်ရေး အင်အားမရှိရင် သူတစ်ပါးအနိုင်ကျင့်ခြင်းခံရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် National Power အရေးကြီးပုံကိုလည်း လေ့လာသင်ကြားရမှာဖြစ်ပါတယ်။
နိုင်ငံရေးသိပ္ပံအပြင် Globalization, Media စသည်တို့ကိုလည်းသိနားလည်လေ့လာရမည် ဖြစ်ပါသည်။ Political Situation တစ်ခုကို ပြောင်းလဲသွားနိုင်သည့်အနေအထားတွင် Media ကဏ္ဍသည် အရေးကြီးလာသည်ကို တွေ့ရသည်။ မီဒီယာသည်လည်း ဘက်မလိုက်သည့် မီဒီယာဖြစ်ရန်လိုအပ်သည်။
နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံရေးနောက်ခံ (သို့မဟုတ်) နောက်ခံသမိုင်း
နိုင်ငံရေးသိပ္ပံကိုလေ့လာရာမှာ မိမိနိုင်ငံ၊ အခြားသောကမ္ဘာ့နိုင်ငံများရဲ့ နောက်ခံသမိုင်းကြောင်း က လိုအပ်လာ ပြန်ပါတယ်။ ဒီနေရာမှာ သမိုင်းပညာရှင်၊ သမိုင်းပညာနဲ့ဘွဲ့ရမှနိုင်ငံရေးသိပ္ပံကို လေ့လာနိုင်ရမှာ မဟုတ်ဘူးဆိုတာ အားလုံးသိကြ ပါတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံ၏ အရေးကိစ္စ၊ ပြည်သူအားလုံးရဲ့ အရေးကိစ္စဘဲဖြစ်ပါတယ်။
လူသိများနေတဲ့ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ စကားကိုဘဲ ပြန်ကိုးကားရရင် မအအောင်သမိုင်းကိုသင်မှ၊ သမိုင်းကြောင်းကိုသိမှ အတိတ်သမိုင်းရဲ့ ကောင်းကျိုး၊ ဆိုးပစ်တွေကိုသိမှ အတိတ်သမိုင်းကို လေ့လာဝေဖန်၊ ပိုင်းခြားသုံးသပ်ပြီးမှ မျက်မှောက်ခေတ် အတွက် မကောင်းတာကိုပယ်၊ ကောင်းတာကို အတုယူပြီး နိုင်ငံတော်ကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။သမိုင်းကိုလေ့လာရာမှာလည်း ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် စာရေးဆရာဘဝမှ ပြည်ထောင်စုဝန်ကြီးဘဝ တိုင်အောင် ပြောကြားလေ့ရှိတဲ့ စကားကို ပြန်တင်ပြလိုပါတယ်။ ဒါကတော့
မြန်မာကို မြန်မာကသိဘို့၊
ကမ္ဘာကို မြန်မာကသိဘို့နဲ့
မြန်မာကို ကမ္ဘာကသိဘို့
ဆိုတဲ့ စကားသုံးလုံးဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတာကိုတွေ့ရပါတယ်။
ပထမဆုံး လူငယ်မျိုးဆက် သစ်တွေ၊ ဂျာနယ်လစ်တွေ၊ နိုင်ငံရေးသမား၊ နိုင်ငံကို အုပ်ချုပ်သူမှအစ ပြည်သူတွေအဆုံးဟာကိုယ့်နိုင်ငံရဲ့သမိုင်းကြောင်းကို သိဘို့ပါ။ ဒါအတွက် အဓိကကတော့ စာပေတွေကိုဖတ်ဘို့ပါဘဲ။ ဒါ့အပြင်ကမ္ဘာ့နိုင်ငံတွေရဲ့ အတိတ်ကာလ၊ လက်ရှိကာလတွေကို သိဘို့လိုလာပါတယ်။ ဒါတွေသိပြီးရင် ကိုယ်နိုင်ငံရဲ့ အတိတ်ကာလ၊ လက်ရှိကာလတွေကိုလဲ ကမ္ဘာကသိဘို့လိုအပ်လာပါတယ်။ ဒုတိယပိုင်းနှစ်ခုကတော့ နိုင်ငံခြားဘာသာစကားတွေ အထူးသဖြင့် အင်္ဂလိပ်စာတတ်ကျွမ်းဘို့နဲ့ ဘာသာပြန်သာပေများ ထွန်းကားဘို့ လိုလာပါတယ်။
ICT လို့ခေါ်တဲ့ Information and Communication Technology ခေတ်၊ Knowledge Age, Digital Age လို့ခေါ်နေတဲ့ဒီခေတ်ကြီးမှာ ဗဟုသုတ၊ နည်းပညာတွေ အားလုံးဟာ လူတိုင်းကိုင်နိုင်တဲ့ ကိုယ့်လက်ထဲက Smart Phone ထဲမှာရှိနေပေမဲ့ ဖေ့(စ်) ဘွတ်(ခ်) ဆယ်လီဖြစ်ဘို့ကြိုးစားနေပြီး ဒီအပေါ်မှာသာ အချိန်တွေကုန်နေကြရင်တော့ ဗဟုသုတ အသိပညာ မကြွယ်ဝသူတွေကို၊ စာပေဗဟုသုတနည်းပါးတဲ့ ခါတော်မှီပညာရှင်တွေက ဟောပြောပို့ချ၊ သင်ကြားပြသ နေကြရရင်တော့ 7Day နေ့စဉ်သတင်းစာ (Friday, February 10, 2017) နေ့မှာ ဆရာမောင်သာချိုရေးခဲ့တဲ့ “လူညံ့များ လက်ခုပ်တီးသောအခါ” ဆိုတဲ့ ဆောင်းပါးကို သတိရမိပါတယ်။
အဲဒီဆောင်းပါးမှာ နယ်တက္ကသိုလ်တစ်ခုမှာ ဟောပြောပို့ချတဲ့ ပုဂ္ဂိုလ်က “ဖွတ်မရ ဓားမဆုံး” ဆိုတဲ့ စကားပုံကိုပြောရာမှာ
“သူက ဖွတ်ကို လိုချင်လို့ ဓားမနဲ့ လှမ်းပစ်လိုက်တဲ့အခါ ဖွတ်သတ္တဝါကြီးကို မရရုံသာမက ဓားပါ ဆုံးသွားရတယ်ဆိုတဲ့ အဓိပ္ပာယ်ကောက်ယူပုံဟာ လွဲနေတယ်လို့ ဆိုပါတယ်။ဖွတ်မရ ဓားမဆုံး-
သူက ‘ဖွတ်’ဆိုတာ ‘ဖောဋ္ဌဗ္ဗာရုံ’ဆိုတဲ့ အထိအတွေ့အာရုံကို ပြောတာပါတဲ့။ ‘ဓားမ’ ဆိုတာက ‘ဓမ္မ’ကို ရည်ညွှန်းတာပါတဲ့။
ဒါကြောင့် အထိအတွေ့ အာရုံတွေနဲ့ပတ်သက်လို့ သတိတရားမရနိုင်တဲ့သူတွေဟာ တရားဓမ္မကို ဆုံးရှုံးသွားတယ်လို့ အဓိပ္ပာယ်ကောက်ယူရမှာဖြစ်ကြောင်းပြောခဲ့တာဖြစ်ပါတယ်။
He dost not catch the monitor lizard and he lost his chopper.
Source: Myanmar (Burmese) Proverbs, Dr Hla Pe, 2nd Edition, (First Printing, London, John Murray Ltd., 1962)
အထက်ပါ ပုဂ္ဂိုလ်ဟောပြောပြီးချိန်မှာ လက်ခုပ်တွေတီးပြီး ဩဘာပေးကြပါတယ်တဲ့။ ဆရာမောင်သာချိုက ပြောနေတဲ့သူကိုမအံ့ဩဘဲ လက်ခုပ်တီးနေတဲ့ လူတွေကို အံ့ဩတာပါတဲ့။ ပရိသတ်ညံ့လာတဲ့အခါ အပေါစားလက်ခုပ်သံတွေက ဆူညံလာစမြဲပါ။ တကယ့်စာပေ အနုပညာရှင်တွေရဲ့ကြားမှာ တစ်ချို့သောလူတွေဟာ ပရိသတ်အားနည်းတာကိုနင်းပြီး အမှားတွေနဲ့မြှူ ဆွယ်နေခဲ့ ကြတာပါ။
ဒါ့အပြင်ဆရာ့ရဲ့ဆောင်းပါးမှာ သူများဟာသကို ခိုးချပြီး၊ ကိုယ်ပိုင်ဟာသ လုပ်ပြောတာနဲ့၊ ပညာရှင်နဲ့ ဘုရင်ကွာခြားပုံမှာ ဆိုကရေးတီးသေဆုံးရခြင်းကိုလည်း တလွဲတွေပြောတာကို ဗဟုသုတမရှိတဲ့ပရိတ်သတ်က အားပါးတရလက်ခုပ်တီးတဲ့ အကြောင်း တွေဖြစ်ပါတယ်။
ဒါကြောင့် ဗဟုသုတ အသိပညာ မကြွယ်ဝသူတွေကို၊ စာပေဗဟုသုတနည်းပါးတဲ့ ခါတော်မှီပညာရှင်တွေက ဟောပြော ပို့ချ၊ သင်ကြားပြသနေကြရုံသာမဟုတ်ဘဲ၊ ခေါင်းဆောင်နေရာပါတက်ယူနေပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား နေရင်တော့ အခုဆွေးနွေးနေတဲ့ နိုင်ငံရေးသိပ္ပံဆိုတာလဲ ကမောက်ကမတွေ ဖြစ်ကုန်မှာပါ။