သုတေသနစာတမ်းကို “Thesis Plagiarism Checker Tool” ဖြင့် စစ်ဆေးခြင်း

မိမိ၏ သုတေသနစာတမ်းကို “Thesis Plagiarism Checker Tool” ဖြင့် စစ်ဆေးခြင်း

ရှေ့တွင်ဖေါ်ပြခဲ့သည့် Digital Literacy မြင့်မား၍ ဒစ်ဂျစ်တယ်တတ်မြောက်လာလျှင် အလွဲအသုံးချမှုရှိလာနိုင် သည်။

ကျမ်းကိုးတွေများလာသဖြင့် ကျမ်းခိုးတွေဖြစ်လာနိုင်သည်။ ကျမ်းကိုးသလား၊ ကျမ်းခိုးသလားသိနိုင်ရန်အတွက် ဆော့ဖ်ဝဲတွေ တီထွင်ကြရပေလိမ့်မည်။

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးများတွင် Research Paper, Ph D Thesis တစ်ခုကို အလွယ်တကူ လက်မခံဘဲ ကွန်ပျူတာစနစ်သုံး “Thesis Plagiarism Software” များဖြင့် စစ်ဆေးပြီးမှ လက္ခံ၊ အအောင်ပေး၊ ဘွဲ့ပေးသလို စာတန်းရှင်၊ Master / Ph D Candidate ကိုယ်တိုင်ကလဲ မိမိ၏ကျမ်း၊ စာတန်း ကို မတင်မှီ မိမိကိုယ်တိုင် “Thesis Plagiarism Software” ဖြင့် စစ်ဆေးပြီးမှ သက်ဆိုင်ရာ တက္ကသိုလ် Senate အဖွဲ့သို့တင်သွင်းရသည်။
Plagiarize ကို အဘိဓာန်တွင် ဖွင့်ဆိုရာတွင် “take and use somebody eles’s ideas, words, etc. as if they were one’s own” ဟုဖွင့်ဆိုထား၍ “Plagiarism” သည် သူတစ်ပါး၏ အတွေးအခေါ် စကားလုံးများကို ခိုးချခြင်းပင်ဖြစ်သည်။
အထူးသဖြင့် ငွေကြေးမြောက်မြားစွာပေးပြီး သူတစ်ပါးကို နောက်ကွယ်မှ Ghost (Shadow ဟုသုံးနှုန်းကြသည်) ရေးခိုင်းသူများအနေဖြင့် တက္ကသိုလ်များ Autonomy ရလာချိန် နိုင်ငံတကာ တက္ကသိုလ်များနှင့် ယှဉ်ပြိုင်ရမည့်အချိန်များတွင် မိမိ၏ Ghost ကို ယုံကြည်စိတ်ချပြီး မိမိကိုယ်တိုင်လဲ အားထုတ်မှုမရှိသည့်အပြင် Plagiarism Checker Tool ဖြင့် စစ်ဆေးရန်လည်း မလုပ်နိုင် ပါက အခက်အခဲပေါင်းစုံ ကြုံတွေ့နိုင်ပါသည်။
ဤသို့ Online ပေါ်မှ Plagiarism Checker Tool ဖြင့်စစ်ဆေးရာတွင် ဤစနစ်များသည် Online ပေါ်မှ သတ်မှတ်ထားသည့် ငွေကို Digital Money Transfer စနစ်ဖြင့်ပေးချေ၍အသုံးပြုနိုင်ပါသည်။

သို့သော် ဤစနစ်ကို တက္ကသိုလ်များဗဟိုစာကြည့်တိုက် Universities’ Central Library (UCL) သို့မိမိ၏ စာတမ်းကို Online ပေါ်မှ မိမိ၏ Email ဖြင့်ပေးပို့၍ စစ်ဆေးအတည်ပြုနိုင်ပါသည်။

UCL Home Page Menu Bar http://uclmyanmar.org မှ e-Resources နှိပ်လျှင် e-Resources Page (http://www.uclmyanmar.org/e-resources ) သို့ရောက်ရှိမည်။

ဤစာတန်းတွင်အဓိကပေးလိုသော Message မှာလည်း Plagiarism Checker Tool ဖြင့်စစ်ဆေးခြင်းသည် အရေးကြီးသော အချက်တစ်ရပ် ဖြစ်သည်ကို တင်ပြလိုခြင်းဖြစ်ပါသည်။
ဤနေရာတွင် ပို၍အရေးကြီးသော အချက်တစ်ရပ်မှာ Electronic Mail (Email) ကို သေခြာစွာနားလည်၍ သုံးတတ်ရန်လည်းလိုပါသည်။



(See More Gmail နဲ့ Email မရှင်း_မရှင်းဖြစ်နေသူများ

အီးမေးလ်အက်တစ်ကတ် (Email Etiquette)

Leave a Reply

Translate »