Online Sources များရှာဖွေခြင်း

Online Sources များရှာဖွေခြင်း

Online Sources များကို ရှာဖွေရာတွင် Official Website တစ်ခု ဟုတ်၊ မဟုတ် စစ်ဆေးခြင်းနှင့် လိုအပ်သော Academic Research Paper ဟုတ် မဟုတ်စစ်ဆေးခြင်း
Online Sources များကို ရှာဖွေရယူရာတွင် မိမိ၏ သုတေသနစာတမ်းနှင့် အမျိုးအစားတူသော ပညာရှင်များဖတ်ကြားခဲ့သည့် စာတမ်းများ၊ Thesis များရှိ ကျမ်းကိုးစာရင်း၊ References, Bibliography များရှိ Online Sources URLs (Universal Resource Location (or) Uniform Resource Locator) များမှ စာအုပ်စာတန်းများကို တိုက်ရိုက် Download ဆွဲယူ၍လဲ ရရှိနိုင်ပါ သည်။

ထိုသို့ရယူရာတွင် မှန်ကန်သော အဆင့်မြင့် တက္ကသိုလ်၊ ကောလိပ် (.edu, .ac)၊ နိုင်ငံတကာ အဖွဲ့အစည်းများ NGO, INGO (.org)၊ အစိုးရဌာနများ (.gov) နှင့် သက်ဆိုင်ရာပညာရှင်များ၏ ကိုယ်ပိုင် Webpages & Blog Sites  များ စသည့် ခိုင်လုံသော Website များမှ ကူးယူ၊ Download ဆွဲရန်လိုအပ်ပါ သည်။
URL:     Universal Resource Location (or) Uniform Resource Locator
URL ဆိုတာကတော့ ပင်မ Website ဖြစ်တဲ့ http://www.example.com  အောက်က File များ (သို့မဟုတ်) Web Page များဘဲဖြစ်ပါတယ်။ ဥပမာ- http://www.example.com/index.html  မှာ “http” က Protocol Type ဖြစ်ပြီး၊ www.example.com က Domain Name ဖြစ်ကာ၊ “index.html” က Web Page တစ်ခုဖြစ်ပါတယ်။ Web Page တွေရဲ့ File Extension က “.htm, .html” ဖြစ်ပါတယ်။
ထို့ပြင်သုတေသနပြုစုသူသည် Online Sources များကို Reference ဖေါ်ပြရာတွင်-
Source from Internet,
Source from Google,
Source from Wikipedia ဟူ၍ ပြီးစလွယ်မဖေါ်ပြသင့်ပါ။ မည်သည့် Website မှ ယူ၍သုံးသည်ကို သက်ဆိုင်ရာ Website ၏ URL ကို တိတိကျကျဖေါ်ပြရပါမည်။


ဥပမာ http://www.ox.ac.uk/—–/—–.html/.pdf

ထို့ပြင် Academic Research Paper များတွင် Online Reference များကို ညွှန်းရာတွင် Wikipedia ကို ရည်ညွှန်းခြင်း မရှိကြောင်းကို သိထားသင့်သည်။
Wikipedia ၏ အောက်ပါ Link တွင်လည်း Reference အဖြစ်တာဝန်မယူကြောင်းကို မြန်မာစာ Unicode Font ဖြင့် တိကျစွာ ရေးသားထားသည်ကို တွေ့ရသည်။

Wikipedia:အထွေထွေ_သတိပြုဖွယ်
Wikipedia: General disclaimer
WIKIPEDIA  MAKES  NO  GUARANTEE  OF  VALIDITY
Wikipedia cannot guarantee the validity of the information found here.
https://en.wikipedia.org/wiki/Wikipedia:General_disclaimer
အထက်ပါ Wikipedia:အထွေထွေ_သတိပြုဖွယ် စာတန်းကိုနှိပ်လျှင် Reference အဖြစ်တာဝန်မယူကြောင်းကို တွေ့ရပါမယ်။
…ဝီကီပီးဒီးယားသည် အချက်အလက်များ ခိုင်လုံတိကျသည်ဟု အာမခံချက် မပေးပါ။ ဝီကီပီးဒီးယားသည် … အွန်လိုင်း စွှယ်စုံကျမ်း တစ်ခုသာလျှင်ဖြစ်ပါသည်။ ပရော့ဂျက်၏ပုံသဏ္ဍန်အရ အင်တာနက်ဆက်သွယ်မှုရှိသူ မည်သူမဆို အတွင်းရှိ စာသားများကို ပြောင်းလဲပိုင်ခွင့်ရှိပါသည်။ … အကြောင်းအရာများမှာ ကျွမ်းကျင် သူများမှ ပြန်လည်စိစစ်သုံးသပ်ထားခြင်းမရှိသဖြင့် တိကျပြည့်စုံ၍ အားကိုး အားထားပြုလောက်သော သတင်းအချက်အလက်များ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည် … သင့်အနေနှင့်တန်ဖိုးရှိ၍တိကျသော သတင်းအချက်အလက်များကို တွေ့နိုင်ပါ သည်။ သို့သော်ဝီကီပီးဒီးယားမှ ဤနေရာတွှင်တွေ့ရှိသော သတင်းအချက် အလက်များသည် ခိုင်လုံတိကျသည်ဟု အာမခံချက် မပေးနိုင်ပါ။ … ပါ၀င်သော အကြောင်းအရာများကို…သက်ဆိုင်ရာနယ်ပယ်နှင့် ပတ်သက်သော ဗဟုသုတ မရှိသူတစ်ဦးမှ ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်ထားနိုင်ပါ သည်…
သို့သော် ဝီကီပီးဒီးယားတွင် ပညာရှင်များကိုယ်တိုင်လည်း ၀င်ရောက်ရေးသားကြသဖြင့် သက်ဆိုင် ရာ Article တိုင်းတွင် အောက်ခြေမှတ် Foot Note များတွင် Reference Books များပေးထားတတ်ကြသည်။

ထို့ကြောင့် အပေါ်ယံသာမကြည့်ဘဲ Foot Note များအထိ ဆင်း၍ကြည့်သင့်ပြီး ယင်းကဲ့သို့ခိုင်လုံသည့် Source များကို မိမိ စာတန်းအတွက် Reference အဖြစ်ယူ၍ သုံးနိုင်သည်။

Online Sources များကို Reference ညွှန်းရာတွင် Scholarly Paper များ၏ အောက်ခြေမှတ်တွင် URL ကို အတိအကျညွှန်းပါသည်။
ဥပမာ http://www.ox.ac.uk/—–/—–.html/.pdf စသည်ဖြင့်ညွှန်း သည်။
အချို့သော သုတေသနစာတမ်းများတွင် URL (Website Address) ကို အတိအကျမညွှန်းသဖြင့် ၄င်းတို့ညွှန်းသော စာအုပ်၊ စာတန်းကို ရှာ၍မရသည်ကိုတွေ့ရသည်။

ထို့ကြောင့် သာမန် ဆောင်းပါး (Article) မဟုတ်သော သုတေသနစာတမ်းအတွက် URL ကို တိကျစွာညွှန်းသင့်သည်။
Online ပေါ်ရှိ နိုင်ငံတကာ တက္ကသိုလ်များမှ ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းများတွင် စာတန်းရှင်က သက်ဆိုင်ရာ URL ကို အတိအကျညွှန်းသဖြင့် စာဖတ်သူကဆက်လက်လေ့လာ၍ရနိုင်သလို၊ ၄င်းတို့တင်ပြသော စာအုပ်၊ စာတန်း များ၏ ခိုင်မာသောအထောက်အထားများကိုလည်း ဖေါ်ပြရာရောက်ပြီး၊ အခြားသူ၏တွေ့ရှိချက်ကို ယူသုံး သည်ကို အထူးပြောရန်မလိုဘဲ ခွင့်တောင်းပြီးသားဖြစ်၍ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုပြီးသားလည်းဖြစ် သွားသည်။

ဤသို့ဖေါ်ပြခြင်းဖြင့် မိမိကို Plagiarist ဟုမစွပ်စွဲနိုင်တော့ပေ။
See More: Plagiarism Checker Tool
မိမိ၏ သုတေသနစာတမ်းကို “Thesis Plagiarism Checker Tool” ဖြင့် စစ်ဆေးခြင်း

ဒီ Link ကို နှိပ်ပါ
https://historicalteaching.com/plagiarism/
တက္ကသိုလ်၊ ကောလိပ် (.edu, .ac)၊ နိုင်ငံတကာ အဖွဲ့အစည်းများ NGO, INGO (.org)၊ အစိုးရဌာနများ (.gov) နှင့် သက်ဆိုင်ရာပညာရှင်များ၏ ကိုယ်ပိုင် Webpages & Blog Sites များ စသည့် ခိုင်လုံသော Website များမှ ကူးယူ၊ Download ဆွဲရန်လိုအပ်ပါ သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Translate »