အိုင်စီတီခေတ်အသုံးအနှုန်းများနှင့်သမိုင်းအသုံးအနှုန်းများ ဆက်စပ်မှု (ICT Terms & Historical Terms)

ယနေ့ကာလကို အိုင်စီတီခေတ်လို့ဆိုနေကြပြီး ICT (Information & Communication Technology) လို့ဆိုလိုက် တာနဲ့ ကွန်ပျူတာကအဓိကပါ၀င်နေတာဖြစ်ပါတယ်။
ဒါကြောင့် အိုင်စီတီခေတ်အသုံးအနှုန်းများဆိုတာ ကွန်ပျူတာပေါ်မှာသုံးတဲ့ အသုံးအနှုန်းများကို အဓိကထားတင်ပြလိုပါတယ်။ နောက်ပြီး သမို်င်းအသုံးအနှုန်းများဆိုတာလဲ တစ်ချို့စကားလုံးများက အိုင်စီတီ ခေတ်မတိုင်မီကထဲကရှိနေကြပြီး တစ်ချို့ကတော့ အိုင်စီတီခေတ်စကားလုံးတွေကိုမှီပြီးတော့ ပညာရှင်များက သုံးစွဲခေါ်ဝေါ်ခဲ့ တာဖြစ်ပါတယ်။
ဥပမာ အိုင်စီတီခေတ်မတိုင်မီ ရှိခဲ့တဲ့စကားလုံးကတော့ Trojin Horse ဆိုတဲ့ Spyware ပါ။ ဒီနာမည်က ဂရိနဲ့ ထရွိုင် (Troy) တို့ရဲ့စစ်ပွဲမှာ ဂရိတို့သုံးခဲ့တဲ့ သစ်သားမြင်းရုပ်ကြီးကိုအမှီပြုမှည့်ခေါ်ခဲ့တာပါ။
အိုင်စီတီခေတ် စကားလုံးကိုမှီပြီး ပေါ်လာတဲ့ အသုံး အနှုန်းတစ်ခုကတော့ Network Administration System ဆိုတဲ့ စကားလုံးပါ။
ဒီအသုံးအနှုန်းများကို ဖေါ်ပြရမယ်ဆိုရင်-
Windows Explorer/ Internet Explorer (IE)
ကွန်ပျူတာမှာ File များကိုရှာဖွေခြင်း (Exploring)၊ ရွှေ့ပြောင်းခြင်း (Moving & Cutting)၊ ကူးခြင်း (Copy & Paste)၊ ဖျက်ခြင်း (Delete) စတဲ့ အလုပ်တွေကိုလုပ်ဘို့ Windows Explorer ကိုအသုံးပြုရပါတယ်။
အင်တာနက်ကို ရှာဖွေကြည့်ရှုဘို့လဲ Windows ထဲမှာ Built In ပါ၀င်တဲ့ Internet Explorer (IE) ကို သုံးရပါတယ်။ ကျန်တဲ့ Mozilla လို Software တွေကိုတော့ သီးသန့် Install လုပ်ရပါတယ်။ သူတို့ကိုတော့ Browser လို့ခေါ်ပြန်ပါတယ်။
ယခုမှ အင်တာနက်သုံးစွဲသူများအနေနဲ့ မသိတာကတော့ ဆိုင်တွေမှာ၊ ကိုယ်ပိုင် PC တွေ မိုးဘိုင်ဖုန်းတွေမှာ IE, Mozilla, Chrome, Opera, Safari စတဲ့ Browser များသာ အသုံးများပြီး Netscape Navigator ကို မသုံးကြတာ ကြောင့်ဖြစ်ပါတယ်။
နောက် Photoshop ကို သုံးတဲ့အခါမှာ ပုံတွေကို ချုံ့ဘို့၊ ချဲ့ဘို့ Navigator မှာ ရှိတဲ့တုံးကလေး ကို Pointer နဲ့ဖိပြီးရွှေ့ရပါတယ်။ နောက် ကွန်ပျူတာနဲ့ ရုပ်ရှင်ကြည့်၊ သီချင်းနားထောင်ရင်လဲ Navigator Bar က တုံးလေးကို ရှေ့တိုး၊ နောက်ဆုတ် လုပ်ကြည့်နိုင်ပါတယ်။ အဲဒါကို Slide Navigator လို့ခေါ်ပါတယ်။
ကမ္ဘာ့သမိုင်းမှာလဲ ကိုလိုနီနယ်ပယ်သစ်များကို ရှာဖွေတဲ့ နေရာမှာ အေဒီ ၁၅ ရာစုလောက်ကစတဲ့ First Phase of Colonial Expansion မှာ ပေါ်တူဂီ၊ စပိန် တို့ပါ၀င်ပြီး၊ Second Phase of Colonial Expansion မှာကတော့ ဒတ်(ချ်)၊ အင်္ဂလိပ်၊ ပြင်သစ်တို့ ပါ၀င်လာပါတယ်။
ဗတ်စကိုဒဂါးမား ကပေါ်တူဂီကဖြစ်ပြီး၊ အီတလီနိုင်ငံသား ကိုလံဘတ်(စ်) ကတော့ စပိန်ဘုရင်က စေလွှတ်သူဖြစ်ပါတယ်။
ဒီနေရာမှာ Navigator ဆိုတဲ့စကားလုံးနဲ့ပတ်သက်လို့ပြောရရင် ပေါ်တူဂီမင်းသားဟင်နရီ (Prince Henry) ဟာ နယ်ပယ်သစ်ရှာဖွေမှုကိုအလွန်အားပေးပြီး သူကိုယ်တိုင်လဲရေကြောင်းသွားလာမှု ကျွမ်းကျင်လို့ သူ့ကို Henry the Navigator လို့ခေါ်ကြပါတယ်။
အဲဒီ ၁၅ ရာစုခေတ်က နက္ခတ်တာရာနဲ့ သံလိုက်အိမ်မြှောင်ဘဲသုံးပြီး ကမ္ဘာကြီးကိုပတ်ပြီး ကမ္ဘာ့မြေပုံကို ရေးဆွဲခဲ့တာ ဒီနေ့ခေတ်ဂြိုလ်တုကရိုက်ပြီးဖေါ်ပြတဲ့ပုံတွေနဲ့ အင်တာနက်ခေတ်မှာ Google Map က ဖေါ်ပြထားတဲ့ပုံတွေနဲ့ တစ်ထပ်တည်းကျနေခြင်းပါဘဲ။

Prince Henry the Navigator
ဒါကြောင့် ဒီ Network ဆိုတဲ့ စကားလုံးကိုမှီပြီး သမိုင်းပညာရှင်များက စနစ်ကျတဲ့ အုပ်ချုပ်ရေးတွေကို Network Administration System ဆိုတဲ့စကားလုံးကို သုံးလာကြပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် ပထမမြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ အနော်ရထာခေတ်မှာ ထိပ်ဆုံးဘုရင်မှသည် မှူးမတ်၊ နယ်စား၊ မြို့စား၊ ကလန်၊ သံပျင် စသည်ဖြင့်စနစ်ကျတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ ကွပ်ကဲထားတာကြောင့် အနော်ရထာခေတ်အုပ်ချုပ်ရေးကို Network Administration System လို့ခေါ်ကြပါတယ်။
ဒါပေမဲ့ ဒုတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့တဲ့ ဘုရင့်နောင်ခေတ် မှာတော့ ဘုရင့်နောင်ကိုယ်တိုင်အင်မတန်တော်တဲ့ စစ်သားကောင်း တစ်ယောက် (Real Warrior) ဖြစ်ပေမဲ့လဲ သူသေပြီး နောက်မင်းဆက်ဖြစ်တဲ့ သူ့ရဲ့သားတော် နန္ဒဘုရင်လက်ထက်မှာ ဒုတိယမြန်မာနိုင်ငံကြီး အစိတ်စိတ်ကွဲထွက်သွားခဲ့ပါတယ်။
စနစ်ကျတဲ့အုပ်ချုပ်ရေးမရှိလို့ ခေတ်စကားနဲ့ပြောရရင် Admin မနိုင်လို့ ပြိုကွဲရတာဖြစ်ပါတယ်။ ကုန်းဘောင်ခေတ်အုပ်ချုပ်ရေးမှာလည်း ဗဟိုအုပ်ချုပ်ရေး၊ အဝေးမြို့ရွာအုပ်ချုပ်ရေးဆိုပြီး စနစ်ကျတဲ့ အုပ်ချုပ်ရေးစနစ်ရှိလို့ Network Administration System လို့ပြောနိုင်ပါတယ်။
တကယ်တော့ Network ဆိုတဲ့စကားလုံး မပေါ်ခင်ကတဲက သူနဲ့ အဓိပ္ပါယ်တူတဲ့ Branch ဆိုတဲ့ စကားလုံးက ရှိပြီးသားပါ။ ရုံးတွေမှာ အခက်အလက်ဖြာထွက်သကဲ့သို့ Branch ပုံစံနဲ့ အုပ်ချုပ်ပြီးတော့ ဌာနခွဲစာရေးကြီး များကို Branch Clerk လို့ခေါ်ပါတယ်။
ကွန်ပျူတာမှာလဲ Root, Organization Chart, Family Tree ဆိုတာတွေ သုံးပါတယ်။ နောက်ပြီးရုံးချုပ်ကို Head Office, Headquarters လို့ခေါ်ပြီး ရုံးခွဲတွေကို Branch Office လို့ခေါ်ကြပါတယ်။ ဒါဟာလဲ Network Type ဖြစ်နေပါတယ်။
ဒီလိုဘဲဆေးပညာရှင်များကလဲ လူရဲ့ခန္ဓာဗေဒ (Anatomy) နဲ့ပတ်သက်လို့ ဦးခေါင်းပိုင်းမှာရှိတဲ့ ဦးနှောက်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ ပုံစံကို Network System လို့သုံးနှုံးလာကြပါတယ်။
Icon ဆိုတာ ဂရိဘာသာက လာတာဖြစ်ပြီး Image ကိုခေါ်တာဖြစ်ပါတယ်။ Iconography ဆိုတာက Branch of Art History ဖြစ်ပြီး ရုပ်ပုံများ၊ ရုပ်တု၊ ဆင်းတုများရဲ့ အကြောင်းအရာတွေကို လေ့လာရေးသားတဲ့ ပညာရပ်ကို ခေါ်တာဖြစ်ပါတယ်။
ဂရိတွေ ထရွိုင်မြို့ကို ၁၀ နှစ်ကြာဝိုင်းတာတောင် မြို့ကိုမသိမ်းနိုင်တော့ ဂရိတွေကအင်မတန်ကြီးမားတဲ့ သစ်သား မြင်းရုပ်ကြီးကိုတည်ဆောက်ပြီး ဒီမြင်းရုပ်ကြီးထဲမှာ ဂရိလက်ရွေးစင် သူရဲကောင်းတွေကိုပုန်းအောင်းလိုက်ပါစေကာ မြင်းရုပ်ကြီး ကိုလဲထရွိုင်မြို့ပြင်ဘက်မှာထားခဲ့ပြီး ဂရိတပ်ကြီးကတော့ ပြန်ဆုတ်သွားခဲ့ပါတယ်။
ထရွိုင်မြို့ရဲ့အထိမ်းအမှတ်လာဘ်ကောင် ကလဲ မြင်းဖြစ်နေတဲ့အတွက်ကြောင့် ထရွိုင်မြို့သူ၊ မြို့သား (Trojan) တွေက မြင်းရုပ်ကြီးကို စစ်အောင်နိုင်တဲ့ ဆုလာဘ်အဖြစ် မြို့ထဲကို ပျော်ပျော်ပါးပါးဆွဲသွင်းသွားကြပါတယ်။
အဲဒီညမှာဘဲ မြင်းရုပ်ဗိုက်ထဲမှာ ပုန်းအောင်းလိုက်ပါလာခဲ့ကြတဲ့ ဂရိစစ်သည် တွေက မြင်းရုပ်ထဲက တိတ်တဆိပ်ထွက်လာကြပြီး မြို့တံခါးတွေကိုဖွင့်ပေးလိုက်ကြပါတယ်။ ဒီအချိန်မှာဘဲ ဆုတ်ခွါချင်ဟန် ဆောင်သွားတဲ့ဂရိစစ်တပ်ကြီးက ညအမှောင်ထဲမှာ တိတ်တဆိတ် ပြန်ရောက်လာပြီး ထရွိုင်မြို့ထဲဝင်ရောက်ကာ မြို့ကိုတိုက်ခိုက် သိမ်းပိုက်လိုက်ကြပါတယ်။
Trojan Horse Video Clip from Troy
Trojan Horse Video Clip ကိုကြည့်ရန် Play Button ကို နှိပ်ပါ။
ဒီဂရိဒဏ္ဍာရီကို အမှီပြုပြီး Trojan Horse ဆိုတာ ရန်သူကိုအောင်နိုင်ဘို့အတွင်းမှဝင်ရောက်ဖျက်ဆီးသူ၊ အတွင်း သူလျှိုကို ခေါ်ခြင်းဖြစ်ပါတယ်။
ဒါကြောင့်ကွန်ပျူတာ Hacker များက Trojan Horse ဆိုတဲ့ Spyware ကိုဖန်တီးပြီး ကွန်ပျူတာ များကို အဝေးကနေလှမ်းပြီးထိန်းချုပ်ကြတာပါ။ အဓိကရည်ရွယ်ချက်များကတော့ ကွန်ပျုတာတွေကို အဝေးမှထိန်းချုပ်ပြီး Electronic Money လို့ခေါ်တဲ့ Online Banking Account မှငွေများကိုခိုးယူရန်၊ အချက်အလက် Data များကိုခိုးယူရန်၊ ကွန်ပျူတာကိုဖျက်ဆီးရန်၊ ကွန်ပျူတာမှာပါတဲ့ ကင်မရာ (Webcam) ကနေပြီး တစ်ဖက်ကို လှမ်းကြည့်ရန် စတာတွေဖြစ်ပါတယ်။
ယနေ့ကာလကို အိုင်စီတီခေတ်လို့ဆိုနေကြပြီး ICT (Information & Communication Technology) လို့ဆိုလိုက် တာနဲ့ ကွန်ပျူတာကအဓိကပါ၀င်နေတာဖြစ်ပါတယ်။
ဒါကြောင့် အိုင်စီတီခေတ်အသုံးအနှုန်းများဆိုတာ ကွန်ပျူတာပေါ်မှာသုံးတဲ့ အသုံးအနှုန်းများကို အဓိကထားတင်ပြလိုပါတယ်။ နောက်ပြီး သမို်င်းအသုံးအနှုန်းများဆိုတာလဲ တစ်ချို့စကားလုံးများက အိုင်စီတီ ခေတ်မတိုင်မီကထဲကရှိနေကြပြီး တစ်ချို့ကတော့ အိုင်စီတီခေတ်စကားလုံးတွေကိုမှီပြီးတော့ ပညာရှင်များက သုံးစွဲခေါ်ဝေါ်ခဲ့ တာဖြစ်ပါတယ်။
ဥပမာ အိုင်စီတီခေတ်မတိုင်မီ ရှိခဲ့တဲ့စကားလုံးကတော့ Trojin Horse ဆိုတဲ့ Spyware ပါ။ ဒီနာမည်က ဂရိနဲ့ ထရွိုင် (Troy) တို့ရဲ့စစ်ပွဲမှာ ဂရိတို့သုံးခဲ့တဲ့ သစ်သားမြင်းရုပ်ကြီးကိုအမှီပြုမှည့်ခေါ်ခဲ့တာပါ။
အိုင်စီတီခေတ် စကားလုံးကိုမှီပြီး ပေါ်လာတဲ့ အသုံး အနှုန်းတစ်ခုကတော့ Network Administration System ဆိုတဲ့ စကားလုံးပါ။
ဒီအသုံးအနှုန်းများကို ဖေါ်ပြရမယ်ဆိုရင်-
Windows Explorer/ Internet Explorer (IE)
ကွန်ပျူတာမှာ File များကိုရှာဖွေခြင်း (Exploring)၊ ရွှေ့ပြောင်းခြင်း (Moving & Cutting)၊ ကူးခြင်း (Copy & Paste)၊ ဖျက်ခြင်း (Delete) စတဲ့ အလုပ်တွေကိုလုပ်ဘို့ Windows Explorer ကိုအသုံးပြုရပါတယ်။
အင်တာနက်ကို ရှာဖွေကြည့်ရှုဘို့လဲ Windows ထဲမှာ Built In ပါ၀င်တဲ့ Internet Explorer (IE) ကို သုံးရပါတယ်။ ကျန်တဲ့ Mozilla လို Software တွေကိုတော့ သီးသန့် Install လုပ်ရပါတယ်။ သူတို့ကိုတော့ Browser လို့ခေါ်ပြန်ပါတယ်။
Internet Explorer (IE) Mozilla Firefox Browser
‘Explorer’ နဲ့ ‘Browser’ နှစ်ခုလုံးဟာလဲ ‘Similar Meaning’ ဖြစ်ပါတယ်။ နောက်တစ်ခုက ‘Explore’ ဆိုတဲ့ စကားလုံးဟာ သမိုင်းမှာ နယ်ပယ်သစ်များ ရှာဖွေတာကိုလဲသုံးပြီး ကိုလံဘတ်(စ်) တို့ ဗတ်စကိုဒဂါးမားတို့လို နယ်ပယ်သစ်ရှာဖွေသူများကိုလဲ ‘Explorer’ လို့သုံးပါတယ်။
Christopher Columbus Vasco da Gama
Navigator
ယခုမှ အင်တာနက်သုံးစွဲသူများအနေနဲ့ မသိတာကတော့ ဆိုင်တွေမှာ၊ ကိုယ်ပိုင် PC တွေ မိုးဘိုင်ဖုန်းတွေမှာ IE, Mozilla, Chrome, Opera, Safari စတဲ့ Browser များသာ အသုံးများပြီး Netscape Navigator ကို မသုံးကြတာ ကြောင့်ဖြစ်ပါတယ်။
နောက် Photoshop ကို သုံးတဲ့အခါမှာ ပုံတွေကို ချုံ့ဘို့၊ ချဲ့ဘို့ Navigator မှာ ရှိတဲ့တုံးကလေး ကို Pointer နဲ့ဖိပြီးရွှေ့ရပါတယ်။ နောက် ကွန်ပျူတာနဲ့ ရုပ်ရှင်ကြည့်၊ သီချင်းနားထောင်ရင်လဲ Navigator Bar က တုံးလေးကို ရှေ့တိုး၊ နောက်ဆုတ် လုပ်ကြည့်နိုင်ပါတယ်။ အဲဒါကို Slide Navigator လို့ခေါ်ပါတယ်။
Netscape Navigator Netscape Navigator
ကမ္ဘာ့သမိုင်းမှာလဲ ကိုလိုနီနယ်ပယ်သစ်များကို ရှာဖွေတဲ့ နေရာမှာ အေဒီ ၁၅ ရာစုလောက်ကစတဲ့ First Phase of Colonial Expansion မှာ ပေါ်တူဂီ၊ စပိန် တို့ပါ၀င်ပြီး၊ Second Phase of Colonial Expansion မှာကတော့ ဒတ်(ချ်)၊ အင်္ဂလိပ်၊ ပြင်သစ်တို့ ပါ၀င်လာပါတယ်။
ဗတ်စကိုဒဂါးမား ကပေါ်တူဂီကဖြစ်ပြီး၊ အီတလီနိုင်ငံသား ကိုလံဘတ်(စ်) ကတော့ စပိန်ဘုရင်က စေလွှတ်သူဖြစ်ပါတယ်။
ဒီနေရာမှာ Navigator ဆိုတဲ့စကားလုံးနဲ့ပတ်သက်လို့ပြောရရင် ပေါ်တူဂီမင်းသားဟင်နရီ (Prince Henry) ဟာ နယ်ပယ်သစ်ရှာဖွေမှုကိုအလွန်အားပေးပြီး သူကိုယ်တိုင်လဲရေကြောင်းသွားလာမှု ကျွမ်းကျင်လို့ သူ့ကို Henry the Navigator လို့ခေါ်ကြပါတယ်။
အဲဒီ ၁၅ ရာစုခေတ်က နက္ခတ်တာရာနဲ့ သံလိုက်အိမ်မြှောင်ဘဲသုံးပြီး ကမ္ဘာကြီးကိုပတ်ပြီး ကမ္ဘာ့မြေပုံကို ရေးဆွဲခဲ့တာ ဒီနေ့ခေတ်ဂြိုလ်တုကရိုက်ပြီးဖေါ်ပြတဲ့ပုံတွေနဲ့ အင်တာနက်ခေတ်မှာ Google Map က ဖေါ်ပြထားတဲ့ပုံတွေနဲ့ တစ်ထပ်တည်းကျနေခြင်းပါဘဲ။

Network and Network Administration System
ဒီနေ့ခေတ်မှာ Network ဆိုတဲ့စကားလုံးကို လူတိုင်းသိပြီးသားပါ။ ကွန်ပျူတာများကို ကွန်ယက်သဖွယ် ချိတ်ဆက် ထားခြင်းပါ။ ဒီလို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ချိတ်ဆက်ဘို့ ကောင်းကင်မှာရှိတဲ့ ဂြိုလ်တု အကူအညီကိုယူပါတယ်။ ဂြိုလ်တုကို ထိပ်ဆုံးခေါင်မှာထားပြီး အောက်ခြေမှ ကွန်ပျူတာများကို အခက်အလက်များသဖွယ် အဆင့်ဆင့်ခွဲဖြာထွက်သွားတာ Internet လို့ခေါ်ကြတဲ့ Global Network ကြီးပါဘဲ။ဒါကြောင့် ဒီ Network ဆိုတဲ့ စကားလုံးကိုမှီပြီး သမိုင်းပညာရှင်များက စနစ်ကျတဲ့ အုပ်ချုပ်ရေးတွေကို Network Administration System ဆိုတဲ့စကားလုံးကို သုံးလာကြပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် ပထမမြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ အနော်ရထာခေတ်မှာ ထိပ်ဆုံးဘုရင်မှသည် မှူးမတ်၊ နယ်စား၊ မြို့စား၊ ကလန်၊ သံပျင် စသည်ဖြင့်စနစ်ကျတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ ကွပ်ကဲထားတာကြောင့် အနော်ရထာခေတ်အုပ်ချုပ်ရေးကို Network Administration System လို့ခေါ်ကြပါတယ်။
ဒါပေမဲ့ ဒုတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့တဲ့ ဘုရင့်နောင်ခေတ် မှာတော့ ဘုရင့်နောင်ကိုယ်တိုင်အင်မတန်တော်တဲ့ စစ်သားကောင်း တစ်ယောက် (Real Warrior) ဖြစ်ပေမဲ့လဲ သူသေပြီး နောက်မင်းဆက်ဖြစ်တဲ့ သူ့ရဲ့သားတော် နန္ဒဘုရင်လက်ထက်မှာ ဒုတိယမြန်မာနိုင်ငံကြီး အစိတ်စိတ်ကွဲထွက်သွားခဲ့ပါတယ်။
စနစ်ကျတဲ့အုပ်ချုပ်ရေးမရှိလို့ ခေတ်စကားနဲ့ပြောရရင် Admin မနိုင်လို့ ပြိုကွဲရတာဖြစ်ပါတယ်။ ကုန်းဘောင်ခေတ်အုပ်ချုပ်ရေးမှာလည်း ဗဟိုအုပ်ချုပ်ရေး၊ အဝေးမြို့ရွာအုပ်ချုပ်ရေးဆိုပြီး စနစ်ကျတဲ့ အုပ်ချုပ်ရေးစနစ်ရှိလို့ Network Administration System လို့ပြောနိုင်ပါတယ်။
တကယ်တော့ Network ဆိုတဲ့စကားလုံး မပေါ်ခင်ကတဲက သူနဲ့ အဓိပ္ပါယ်တူတဲ့ Branch ဆိုတဲ့ စကားလုံးက ရှိပြီးသားပါ။ ရုံးတွေမှာ အခက်အလက်ဖြာထွက်သကဲ့သို့ Branch ပုံစံနဲ့ အုပ်ချုပ်ပြီးတော့ ဌာနခွဲစာရေးကြီး များကို Branch Clerk လို့ခေါ်ပါတယ်။
ကွန်ပျူတာမှာလဲ Root, Organization Chart, Family Tree ဆိုတာတွေ သုံးပါတယ်။ နောက်ပြီးရုံးချုပ်ကို Head Office, Headquarters လို့ခေါ်ပြီး ရုံးခွဲတွေကို Branch Office လို့ခေါ်ကြပါတယ်။ ဒါဟာလဲ Network Type ဖြစ်နေပါတယ်။
ဒီလိုဘဲဆေးပညာရှင်များကလဲ လူရဲ့ခန္ဓာဗေဒ (Anatomy) နဲ့ပတ်သက်လို့ ဦးခေါင်းပိုင်းမှာရှိတဲ့ ဦးနှောက်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ ပုံစံကို Network System လို့သုံးနှုံးလာကြပါတယ်။
Icon
Icon ဆိုတာ ဂရိဘာသာက လာတာဖြစ်ပြီး Image ကိုခေါ်တာဖြစ်ပါတယ်။ Iconography ဆိုတာက Branch of Art History ဖြစ်ပြီး ရုပ်ပုံများ၊ ရုပ်တု၊ ဆင်းတုများရဲ့ အကြောင်းအရာတွေကို လေ့လာရေးသားတဲ့ ပညာရပ်ကို ခေါ်တာဖြစ်ပါတယ်။
Trojan Horse
ကိုယ့်ကွန်ပျူတာထဲကို (အိမ်ရှင်မသိအောင်) တိတ်တဆိတ်ဝင်လာလို့ “Backdoor” လို့လဲခေါ်ပါတယ်။ ဒါကြောင့် “Trojan Horse” ကို “Backdoor Trojan Horse, Malware Program, Spyware”စသည်ဖြင့် ခေါ်ကြပါတယ်။
Trojan Horse Trojan Horse from Troy