အိုင်စီတီနှင့်နိုင်ငံရေး (ICT & Politics)

ယနေ့ကာလကို အိုင်စီတီခေတ်လို့ဆိုနေကြပြီး ICT (Information & Communication Technology) လို့ဆိုလိုက် တာနဲ့ ကွန်ပျူတာနဲ့ အင်တာနက်ကအဓိကပါ၀င်နေတာဖြစ်ပါတယ်။ ဒါကြောင့် အိုင်စီတီခေတ်မှာ နိုင်ငံရေးမှာ အင်တာနက်ရဲ့လွှမ်းမိုးမှုနဲ့ အိုင်စီတီအသုံးအနှုန်းများကိုလဲ နိုင်ငံရေးမှာသုံးစွဲနေတာတွေကို အဓိကထားတင်ပြလိုပါတယ်။
အိုင်စီတီခေတ်ရဲ့ နိုင်ငံရေး
အိုင်စီတီခေတ်ရဲ့နိုင်ငံရေးမှာ အထင်ရှားဆုံးအသုံးဝင် လွှမ်းမိုးမှုကိုတော့ ၂၀၀၈ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ က Obama Campaign မှာတွေ့နိုင်ပါတယ်။ ဒီ Campaign မှာ လူမှုကွန်ယက်တွေဖြစ်တဲ့ Facebook, YouTube, Twitter တို့ကို လက်တွေ့အသုံးချနိုင်ခဲ့လို့ သမ္မတအိုဘားမားအတွက် သမိုင်းဝင်အောင်မြင်မှုရရှိစေခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာလဲ မီဒီယာနဲ့ အင်တာနက် လူမှုကွန်ယက်တွေကြောင့် သမိုင်းဝင်အောင်မြင်မှုကိုရရှိခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်းလုံးရှိ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံအားလုံးအတွက် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတွေရဲ့ ဖြစ်ပေါ်တိုးတက်၊ ပြုပြင်ပြောင်းလဲမှုတိုင်းမှာ အိုင်စီတီခေါ် အင်တာနက်ကပါ၀င်ပါတ်သက်နေတာကို တွေ့နိုင် ပါတယ်။
ရှေးယခင်က ကိုလိုနီဝါဒမှာ 3Ms ဆိုတာရှိပါတယ်။ အဲဒါတွေကတော့ Merchants, Military, Missionary တို့ဘဲဖြစ် ပါတယ်။ ကိုလိုနီဝါဒမှာ ကုန်သွယ်ရေးကို ဘန်းပြပြီး၊ စစ်အင်အားသုံးပြီး ကိုလိုနီနယ်ပယ် တွေကိုချဲ့ထွင်သိမ်းပိုက်ခြင်းနဲ့ သူတို့ရဲ့ သာသနာပြန့်ပွားရေးဘဲဖြစ်ပါတယ်။
ယနေ့ အင်တာနက်ခေတ်မှာတော့ 4Ms လို့ဆိုပါတယ်။ အဲတာကတော့ Media လက်နက်ပါ၀င်လာခြင်းဖြစ်ပါတယ်။ မီဒီယာလက်နက်မှာက ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ၊ ဂျာနယ်၊ သတင်းသမားတို့ အပြင် အိုင်စီတီနည်းပညာက အဓိပါ၀င်နေတာကို တွေ့နိုင်ပါတယ်။
အိုင်စီတီခေတ်ရဲ့နိုင်ငံရေးအသုံးအနှုန်းများ
E-Government
E-Government ကတော့ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများက ICT နည်းပညာကို အသုံးပြုပြီး ၄င်းတို့ရဲ့ဝန်ဆောင်မှုများကို သုံးစွဲသူပြည်သူများသို့လည်းကောင်း၊ ဌာနဆိုင်ရာများသို့လည်းကောင်း၊ စီးပွားရေးအဖွဲ့အစည်း များသို့လည်းကောင်း အင်တာနက်မှတစ်ဆင့် ထိရောက်မြန်ဆန်စွာ ၀န်ဆောင်မှုပေးခြင်းဖြစ်ပါတယ်။
ဒီလို ICT နည်းပညာနဲ့ ၀န်ဆောင်မှုပေးခြင်းဟာ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနည်းလမ်းသစ်ကို ဖန်တီးခြင်းဖြစ်ပြီး အောင်မြင်စွာဆောင်ရွက်နိုင်လျှင် လုပ်ငန်းစဉ်ပြီးမြောက်မှုမြန်ဆန်လာပြီး ပွင့်လင်းမြင်သာမှုများရှိလာပါမယ်။ လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း အသေးစိတ် သေခြာစွာသိရှိနိုင်ပြီး အဂတိလိုက်စားမှုများလည်းလျော့နည်းလာမှာဖြစ်ပြီး ပြည်သူနှင့်အစိုးရကြား ယုံကြည်မှုနဲ့ကြေနပ်မှုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

Types of e-government
မြန်မာနိုင်ငံမှာလည်း E-Government လုပ်ငန်းစဉ်အကောင်အထည်ဖေါ်ရန်အတွက် ဦးဆောင်ကော်မတီနှင့် အကောင်အထည်ဖော်ဆောင်ရေးကော်မတီနှစ်ခုကို ၂၀၁၈ ဇန်နဝါရီလကုန်မှာ အစိုးရကတစ်ပြိုင်တည်း ဖွဲ့စည်းခဲ့ပါတယ်။
ဦးဆောင်ကော်မတီမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နာယကဖြစ်ပြီး၊ ဒုတိယသမ္မ(၁) ဦးမြင့်ဆွေက ဥက္ကဋ္ဌအဖြစ်တာဝန်ယူမှာဖြစ်ပါတယ်။ (၃-၂-၂၀၁၈ 7Day Daily)
E-democracy/ Digital Democracy
၂၁ ရာစု ICT ခေတ်ရဲ့နိုင်ငံရေးမှာ ဒီမိုကရေစီအရေးအရာတွေကို ထောက်ပံ့မြှင့်တင်နိုင်ဘို့ အတွက် E-ဒီမိုကရေစီ ဆိုတဲ့အသုံးအနှုန်းလဲ ခေတ်စားလာပါတယ်။ E-Democracy ဆိုတာကတော့ E-Government လိုဘဲ Electronic+Democracy ကိုခေါ်တာပါ။ ဒစ်ဂျစ်တယ်ဒီမိုကရေစီ (သို့မဟုတ်) အင်တာနက် ဒီမိုကရေစီ လို့လဲခေါ်ပါတယ်။
E-ဒီမိုကရေစီကတော့ အစိုးရအဖွဲ့ တစ်ခုရဲ့ ပုံစံဖြစ်ပြီး နိုင်ငံသားတိုင်းအတွက်လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုရေးရာတွေကိုလွှမ်းခြုံနိုင်ပြီး political self-determination လို့ခေါ်တဲ့ နိုင်ငံရေးရာကိစ္စတွေမှာ လွပ်လပ်၊ ညီမျှစွာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကိုရရှိစေမှာဖြစ်ပါတယ်။
Netocracy
Netocracy ဆိုတာကတော့ အမေရိကန်နိုင်ငံက နည်းပညာမဂ္ဂဇင်းကြီးတစ်ခုဖြစ်တဲ့ Wired မဂ္ဂဇင်းကနေ ၁၉၉၀ လောက်မှာ ခေါ်တွင်ခဲ့တဲ့ စကားလုံးဖြစ်ပါတယ်။
Netocracy ဆိုတာကတော့ Internet+Democracy ဖြစ်ပါတယ်။ ဒီမိုကရေစီ ရေးရာတွေမှာ အင်တာနက်ကို အသုံးချခြင်းဘဲဖြစ်ပါတယ်။
Netizen and Digital Citizen
Netizen ကတော့ (Internet+citizen) အင်တာနက်အသုံးပြုတဲ့ ပြည်သူတွေကိုခေါ်တာဖြစ်ပြီး၊ Digital Citizen ကလဲဘဲ အိုင်စီတီ နည်းပညာကို Social Networks တစ်ခုတည်းမဟုတ်ဘဲ ကဏ္ဍစုံကနေကျကျနန အသုံးချနိုင်တဲ့ ပြည်သူတွေကို ဆိုလိုပါတယ်။
Cyber warfare
ယခင်ခေတ်က ဒေသအတွင်းမှာ အစိုးရကိုဆန့်ကျင်တဲ့ ဆူပူလှုပ်ရှားမှု တစ်ခုခုဖြစ်ရင် အစိုးရတပ်တွေက အသံလွှင့်ရုံကို အရင် ထိန်းသိမ်းစောင့်ရှောက်ရပါတယ်။ ဆူပူလှုပ်ရှားသူများက အသံလွှင့်ရုံကိုဝင်စီးပြီး တစ်ကမ္ဘာလုံးကို မမှန်သတင်းတွေ ပြောနိုင်လို့ပါ။
ယခု ICT ခေတ်မှာတော့ ဘယ်မှမသွားဘဲ မိမိအခန်းထဲကနေပြီး တော့ အစိုးရဌာနရဲ့ အရေးကြီးတဲ့ Website တွေကို သိမ်းပိုက် Hijack (or) Hack လုပ်ပြီး နဂိုစာမျက်နှာတွေကို ပယ်ဖျက်ပြီး မမှန်သတင်းတွေတင်တာဟာ Cyber Attack (or) Cyber Warfare လို့ခေါ်ပါတယ်။

Cyber Warfare
အထင်ရှားဆုံး Cyber warfare ကတော့ ၂၀၀၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရုရှားနိုင်ငံနဲ့ ဂျော်ဂျီယာနိုင်ငံတို့ရဲ့ စစ်ပွဲမှာ ဖြစ်ပါတယ်။ ရုရှား Hacker တွေက ဂျော်ဂျီယာ သမ္မတရဲ့ Website ကိုတိုက်ခိုက်ပြီး ဂျော်ဂျီယာသမ္မတရဲ့ပုံကို ပုံဖျက်ပြီး နာဇီအာဏာရှင် ဟစ်တလာရဲ့ ပုံနဲ့တွဲတင်ထားပါတယ်။ တစ်ချိန်ထဲမှာဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ရဲ့ Website များလဲ တိုက်ခိုက်ခံရပါတယ်။
ဒီလိုတိုက်ခိုက်မှုမျိုးကို online ပေါ်မှ စိတ်ဓါတ်စစ်ဆင်ရေး Psychological operations (PSYOP) (OR) Psychological warfare (PSYWAR) လို့ခေါ်ပါတယ်။
Cyberterrorism:
နိုင်ငံရေးအရ အကျိုးအမြတ်တွေရဘို့ အင်တာနက်ပေါ်ကနေ ခြိမ်းခြောက်၊ တိုက်ခိုက်တဲ့ ဆိုက်ဘာအကြမ်းဖက်မှု တွေကို ခေါ်တာပါ။ အင်တာနက်ပေါ်က အကြမ်းဖက်လှုပ်ရှားမှုများ ဖြစ်လို့ Internet terrorism လို့လဲခေါ် ပါတယ်။

Cyber War Terrorism
Proxy Server / Proxy War
Proxy Server ဆိုတာကအင်တာနက်စာမျက်နှာတွေကိုတိုက်ရိုက်မသွားပဲ proxy server လို့ခေါ်တဲ့ကြားခံ ကွန်ပျုတာ ဆာဗာစနစ်ကို အသုံးပြုပြီး ကြည့်နိုင်တာဖြစ်ပါတယ်။ ဒီလို ကြားခံကွန်ပျူတာဆာဗာက တဆင့် သွားမယ်ဆိုရင် ပိတ်ဆို့ထားတဲ့ စာမျက်နှာတွေကို ကြည့်နိင်ပါတယ်။
၂၀၀၅ ပတ်ဝန်းကျင်၊ ဖေ့စ်ဘွတ်ခ် ခေတ်မစားခင် ဘလော့ဂ်ဆိုဒ်တွေနဲ့ သတင်းဌာန ၀က်ဘ်ဆိုဒ်တွေ အကုန် အပိတ်ခံရချိန်မှာ သူတို့ဘယ်လိုဘဲပိတ်ပိတ် Proxy Server တွေနဲ့ဖေါက်ဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့လဲ Proxy Server တစ်ခုနဲ့ဝိုင်းဖေါက်သုံးကြလို့ သူတို့သိသွားရင် (သူတို့ဆိုတာသက်ဆိုင်ရာပေါ့) အဲဒီ Proxy ကိုပိတ်လိုက် တာပေါ့။
ဒါပေမဲ့ ဒီနေ့ပိတ် တာနဲ့ နောက်နေ့မှာဟိုဘက်ကပညာရှင်တွေနဲ့ သတင်းဌာနဝက်ဘ်ဆိုဒ်တွေက Proxy အသစ်တွေပို့လိုက်ရင် ထပ်သုံး၊ ထပ်ပိတ်နဲ့ ညစ်ပြီးပိတ်တဲ့သူနဲ့ ဖေါက်တဲ့သူနဲ့ ပညာပြိုင်ကြတာ ကြားက User တွေကတော့ ပန်းပန်လျက်ပါဘဲ။
ဒီ Proxy Server ရဲ့လက်ကျန်အငွေ့အသက်ကလေးကို RFA ဆိုဒ်မှာ ယခုတိုင်တင်ထားတာ တွေ့ရပါ သေးတယ်။ ဒီဘက်ကို ယခုတိုင်စိတ်မချရသေးလို့ ပရိတ်သတ်တွေ မဖတ်ရမှာစိုးလို့ တင်ထားတာ ဖြစ်မှာပါ။
ဆိုတာကတော့ စစ်အေးကာလကထဲက ဆန့်ကျင်ဘက် အင်အားကြီးနိုင်ငံနှစ်ခုအကြား တိုက်ရိုက် ရင်ဆိုင်ပြီး စစ်မတိုက်ဘဲ စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံကြား (သို့မဟုတ်) ပြည်တွင်းစစ် (Civil War) ဖြစ်နေတဲ့ ဘက်ပြိုင် နှစ်ဖက် အဖွဲ့အကြား (အစိုးရတပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့အကြား) သူတို့အကျိုးစီးပွားကို အထောက်အကူရစေမဲ့ နိုင်ငံ (သို့မဟုတ်) အဖွဲ့တစ်ဖွဲ့ကို စစ်ရေးအထောက်အပံ့များပေးပြီး တိုက်ခိုက်စေတာဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ခ် ဆိုတဲ့လူမှုကွန်ယက်က ၂၀၁၀ နောက်ပိုင်းမှ ပေါ်ပေါက်ခေတ်စားလာတာပါ။ ဖေ့စ်ဘွတ်ခ် မပေါ်ခင်က အင်တာနက်ပေါ်က ဘလော့ဂါများရဲ့ အခန်းကဏ္ဍက နိုင်ငံရေးမှာ တော်တော်အရေးပါခဲ့ပါတယ်။ Blog ဆိုတာကတော့ Online Article များဘဲဖြစ်ပါတယ်။ ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်ခေတ်မှာ ဘလော့ဂ်ကို သိပ်မသိကြသလိုဖြစ်နေတဲ့အပြင် “Blog” ဆိုတဲ့စကားလုံးကိုတောင် အသံနဲ့မှန်းပြီး “Block” လို့သုံးစွဲနေကြ တာကို တွေ့ရလို့ “Blog” ဆိုတာသိထားသင့်ပါတယ်။
ဒီနေ့အင်တာနက်ပေါ်မှာ အထူးသဖြင့်မြန်မာနိုင်ငံရဲ့အင်တာနက်ခေတ်ဦးပိုင်း ၂၀၀၀-၂၀၀၅ ပတ်ဝန်း ကျင် ဖေ့စ်ဘွတ်ခ် ခေတ်မစားခင်ကာလတွေမှာ Blog တွေခေတ်စားခဲ့ပြီး Blog ရေးသားသူများကို Blogger လို့ခေါ်ပါတယ်။ Blog ဆိုတာကတော့ Online Article များဘဲဖြစ်ပါတယ်။
ဒီနေရာမှာ “log” ဆိုတဲ့ စကားလုံးဟာ အဓိပ္ပါယ် အမျိုးမျိုးရှိပါတယ်။ သင်္ဘောကြီးတွေ၊ လေယာဉ်ခရီးစဉ်တွေရေးတဲ့ မှတ်တမ်းစာအုပ်များကို “Logbook” လို့ခေါ်ပါတယ်။ အင်တာနက်ပေါ်မှာ Email များ၊ Online Account များသုံးရာမှာလဲ Log In/ Log Out (သို့မဟုတ်) Sign In/ Sign Out စသည်ဖြင့်သုံးကြပါတယ်။
တကယ်တော့ အဲဒီကာလက သမ္မတဖြစ်အရွေးခံခဲ့တဲ့ Strom Thurmond က အသားအရောင်ခွဲခြားမှုကို အတိအလင်း ထောက်ခံခဲ့တဲ့အတွက် Trent Lott ကိုယ်တိုင်လဲဘဲ အသားအရောင်ခွဲခြားမှုကို ထောက်ခံတဲ့ သဘောသက်ရောက်ခဲ့ပါတယ်။ သို့သော်လည်း အမေရိကန်နိုင်ငံရဲ့ C-SPAN လိုရုပ်သံ မီဒီယာကြီးကတောင် ဒီကိစ္စကိုလျစ်လျူရှုပြီး ဘာမှဝေဖန်ခဲ့ပါဘူး။
ဒါပေမဲ့ အင်တာနက်ဘလော့ဂါတွေက ဒီကိစ္စကို အတိအလင်း ရေးသားဖေါ်ထုတ်ခဲ့ကြလို့ ပင်မမီဒီယာကြီးများကလဲ လိုက်ပါဖေါ်ပြခဲ့ ကြပါတယ်။ အဆုံးမှာတော့ Trent Lott ဟာ အမေရိကန်နိုင်ငံ ရီပတ်ပလီကန်ပါတီရဲ့ အထက်လွှတ်တော်အမတ်အဖြစ်က နှုတ်ထွက်ခဲ့ရပါတယ်။ (Strom Thurmond က ၂၀၀၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်)။
ယနေ့ကာလကို အိုင်စီတီခေတ်လို့ဆိုနေကြပြီး ICT (Information & Communication Technology) လို့ဆိုလိုက် တာနဲ့ ကွန်ပျူတာနဲ့ အင်တာနက်ကအဓိကပါ၀င်နေတာဖြစ်ပါတယ်။ ဒါကြောင့် အိုင်စီတီခေတ်မှာ နိုင်ငံရေးမှာ အင်တာနက်ရဲ့လွှမ်းမိုးမှုနဲ့ အိုင်စီတီအသုံးအနှုန်းများကိုလဲ နိုင်ငံရေးမှာသုံးစွဲနေတာတွေကို အဓိကထားတင်ပြလိုပါတယ်။
အိုင်စီတီခေတ်ရဲ့ နိုင်ငံရေး
အိုင်စီတီခေတ်ရဲ့နိုင်ငံရေးမှာ အထင်ရှားဆုံးအသုံးဝင် လွှမ်းမိုးမှုကိုတော့ ၂၀၀၈ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ က Obama Campaign မှာတွေ့နိုင်ပါတယ်။ ဒီ Campaign မှာ လူမှုကွန်ယက်တွေဖြစ်တဲ့ Facebook, YouTube, Twitter တို့ကို လက်တွေ့အသုံးချနိုင်ခဲ့လို့ သမ္မတအိုဘားမားအတွက် သမိုင်းဝင်အောင်မြင်မှုရရှိစေခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာလဲ မီဒီယာနဲ့ အင်တာနက် လူမှုကွန်ယက်တွေကြောင့် သမိုင်းဝင်အောင်မြင်မှုကိုရရှိခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်းလုံးရှိ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံအားလုံးအတွက် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတွေရဲ့ ဖြစ်ပေါ်တိုးတက်၊ ပြုပြင်ပြောင်းလဲမှုတိုင်းမှာ အိုင်စီတီခေါ် အင်တာနက်ကပါ၀င်ပါတ်သက်နေတာကို တွေ့နိုင် ပါတယ်။
ရှေးယခင်က ကိုလိုနီဝါဒမှာ 3Ms ဆိုတာရှိပါတယ်။ အဲဒါတွေကတော့ Merchants, Military, Missionary တို့ဘဲဖြစ် ပါတယ်။ ကိုလိုနီဝါဒမှာ ကုန်သွယ်ရေးကို ဘန်းပြပြီး၊ စစ်အင်အားသုံးပြီး ကိုလိုနီနယ်ပယ် တွေကိုချဲ့ထွင်သိမ်းပိုက်ခြင်းနဲ့ သူတို့ရဲ့ သာသနာပြန့်ပွားရေးဘဲဖြစ်ပါတယ်။
ယနေ့ အင်တာနက်ခေတ်မှာတော့ 4Ms လို့ဆိုပါတယ်။ အဲတာကတော့ Media လက်နက်ပါ၀င်လာခြင်းဖြစ်ပါတယ်။ မီဒီယာလက်နက်မှာက ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ၊ ဂျာနယ်၊ သတင်းသမားတို့ အပြင် အိုင်စီတီနည်းပညာက အဓိပါ၀င်နေတာကို တွေ့နိုင်ပါတယ်။
အိုင်စီတီခေတ်ရဲ့နိုင်ငံရေးအသုံးအနှုန်းများ
E-Government
E-Government ကတော့ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများက ICT နည်းပညာကို အသုံးပြုပြီး ၄င်းတို့ရဲ့ဝန်ဆောင်မှုများကို သုံးစွဲသူပြည်သူများသို့လည်းကောင်း၊ ဌာနဆိုင်ရာများသို့လည်းကောင်း၊ စီးပွားရေးအဖွဲ့အစည်း များသို့လည်းကောင်း အင်တာနက်မှတစ်ဆင့် ထိရောက်မြန်ဆန်စွာ ၀န်ဆောင်မှုပေးခြင်းဖြစ်ပါတယ်။
ဒီလို ICT နည်းပညာနဲ့ ၀န်ဆောင်မှုပေးခြင်းဟာ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနည်းလမ်းသစ်ကို ဖန်တီးခြင်းဖြစ်ပြီး အောင်မြင်စွာဆောင်ရွက်နိုင်လျှင် လုပ်ငန်းစဉ်ပြီးမြောက်မှုမြန်ဆန်လာပြီး ပွင့်လင်းမြင်သာမှုများရှိလာပါမယ်။ လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း အသေးစိတ် သေခြာစွာသိရှိနိုင်ပြီး အဂတိလိုက်စားမှုများလည်းလျော့နည်းလာမှာဖြစ်ပြီး ပြည်သူနှင့်အစိုးရကြား ယုံကြည်မှုနဲ့ကြေနပ်မှုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ဦးဆောင်ကော်မတီမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နာယကဖြစ်ပြီး၊ ဒုတိယသမ္မ(၁) ဦးမြင့်ဆွေက ဥက္ကဋ္ဌအဖြစ်တာဝန်ယူမှာဖြစ်ပါတယ်။ (၃-၂-၂၀၁၈ 7Day Daily)
E-democracy/ Digital Democracy
၂၁ ရာစု ICT ခေတ်ရဲ့နိုင်ငံရေးမှာ ဒီမိုကရေစီအရေးအရာတွေကို ထောက်ပံ့မြှင့်တင်နိုင်ဘို့ အတွက် E-ဒီမိုကရေစီ ဆိုတဲ့အသုံးအနှုန်းလဲ ခေတ်စားလာပါတယ်။ E-Democracy ဆိုတာကတော့ E-Government လိုဘဲ Electronic+Democracy ကိုခေါ်တာပါ။ ဒစ်ဂျစ်တယ်ဒီမိုကရေစီ (သို့မဟုတ်) အင်တာနက် ဒီမိုကရေစီ လို့လဲခေါ်ပါတယ်။
E-ဒီမိုကရေစီကတော့ အစိုးရအဖွဲ့ တစ်ခုရဲ့ ပုံစံဖြစ်ပြီး နိုင်ငံသားတိုင်းအတွက်လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုရေးရာတွေကိုလွှမ်းခြုံနိုင်ပြီး political self-determination လို့ခေါ်တဲ့ နိုင်ငံရေးရာကိစ္စတွေမှာ လွပ်လပ်၊ ညီမျှစွာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကိုရရှိစေမှာဖြစ်ပါတယ်။
Netocracy
Netocracy ဆိုတာကတော့ အမေရိကန်နိုင်ငံက နည်းပညာမဂ္ဂဇင်းကြီးတစ်ခုဖြစ်တဲ့ Wired မဂ္ဂဇင်းကနေ ၁၉၉၀ လောက်မှာ ခေါ်တွင်ခဲ့တဲ့ စကားလုံးဖြစ်ပါတယ်။
Netocracy ဆိုတာကတော့ Internet+Democracy ဖြစ်ပါတယ်။ ဒီမိုကရေစီ ရေးရာတွေမှာ အင်တာနက်ကို အသုံးချခြင်းဘဲဖြစ်ပါတယ်။
Netizen and Digital Citizen
Netizen ကတော့ (Internet+citizen) အင်တာနက်အသုံးပြုတဲ့ ပြည်သူတွေကိုခေါ်တာဖြစ်ပြီး၊ Digital Citizen ကလဲဘဲ အိုင်စီတီ နည်းပညာကို Social Networks တစ်ခုတည်းမဟုတ်ဘဲ ကဏ္ဍစုံကနေကျကျနန အသုံးချနိုင်တဲ့ ပြည်သူတွေကို ဆိုလိုပါတယ်။
Cyber warfare
ယခင်ခေတ်က ဒေသအတွင်းမှာ အစိုးရကိုဆန့်ကျင်တဲ့ ဆူပူလှုပ်ရှားမှု တစ်ခုခုဖြစ်ရင် အစိုးရတပ်တွေက အသံလွှင့်ရုံကို အရင် ထိန်းသိမ်းစောင့်ရှောက်ရပါတယ်။ ဆူပူလှုပ်ရှားသူများက အသံလွှင့်ရုံကိုဝင်စီးပြီး တစ်ကမ္ဘာလုံးကို မမှန်သတင်းတွေ ပြောနိုင်လို့ပါ။
ယခု ICT ခေတ်မှာတော့ ဘယ်မှမသွားဘဲ မိမိအခန်းထဲကနေပြီး တော့ အစိုးရဌာနရဲ့ အရေးကြီးတဲ့ Website တွေကို သိမ်းပိုက် Hijack (or) Hack လုပ်ပြီး နဂိုစာမျက်နှာတွေကို ပယ်ဖျက်ပြီး မမှန်သတင်းတွေတင်တာဟာ Cyber Attack (or) Cyber Warfare လို့ခေါ်ပါတယ်။

ဒီလိုတိုက်ခိုက်မှုမျိုးကို online ပေါ်မှ စိတ်ဓါတ်စစ်ဆင်ရေး Psychological operations (PSYOP) (OR) Psychological warfare (PSYWAR) လို့ခေါ်ပါတယ်။
Cyberterrorism:
နိုင်ငံရေးအရ အကျိုးအမြတ်တွေရဘို့ အင်တာနက်ပေါ်ကနေ ခြိမ်းခြောက်၊ တိုက်ခိုက်တဲ့ ဆိုက်ဘာအကြမ်းဖက်မှု တွေကို ခေါ်တာပါ။ အင်တာနက်ပေါ်က အကြမ်းဖက်လှုပ်ရှားမှုများ ဖြစ်လို့ Internet terrorism လို့လဲခေါ် ပါတယ်။

Proxy Server ဆိုတာကအင်တာနက်စာမျက်နှာတွေကိုတိုက်ရိုက်မသွားပဲ proxy server လို့ခေါ်တဲ့ကြားခံ ကွန်ပျုတာ ဆာဗာစနစ်ကို အသုံးပြုပြီး ကြည့်နိုင်တာဖြစ်ပါတယ်။ ဒီလို ကြားခံကွန်ပျူတာဆာဗာက တဆင့် သွားမယ်ဆိုရင် ပိတ်ဆို့ထားတဲ့ စာမျက်နှာတွေကို ကြည့်နိင်ပါတယ်။
၂၀၀၅ ပတ်ဝန်းကျင်၊ ဖေ့စ်ဘွတ်ခ် ခေတ်မစားခင် ဘလော့ဂ်ဆိုဒ်တွေနဲ့ သတင်းဌာန ၀က်ဘ်ဆိုဒ်တွေ အကုန် အပိတ်ခံရချိန်မှာ သူတို့ဘယ်လိုဘဲပိတ်ပိတ် Proxy Server တွေနဲ့ဖေါက်ဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့လဲ Proxy Server တစ်ခုနဲ့ဝိုင်းဖေါက်သုံးကြလို့ သူတို့သိသွားရင် (သူတို့ဆိုတာသက်ဆိုင်ရာပေါ့) အဲဒီ Proxy ကိုပိတ်လိုက် တာပေါ့။
ဒါပေမဲ့ ဒီနေ့ပိတ် တာနဲ့ နောက်နေ့မှာဟိုဘက်ကပညာရှင်တွေနဲ့ သတင်းဌာနဝက်ဘ်ဆိုဒ်တွေက Proxy အသစ်တွေပို့လိုက်ရင် ထပ်သုံး၊ ထပ်ပိတ်နဲ့ ညစ်ပြီးပိတ်တဲ့သူနဲ့ ဖေါက်တဲ့သူနဲ့ ပညာပြိုင်ကြတာ ကြားက User တွေကတော့ ပန်းပန်လျက်ပါဘဲ။
ဒီ Proxy Server ရဲ့လက်ကျန်အငွေ့အသက်ကလေးကို RFA ဆိုဒ်မှာ ယခုတိုင်တင်ထားတာ တွေ့ရပါ သေးတယ်။ ဒီဘက်ကို ယခုတိုင်စိတ်မချရသေးလို့ ပရိတ်သတ်တွေ မဖတ်ရမှာစိုးလို့ တင်ထားတာ ဖြစ်မှာပါ။
အောက်ပါ LinkProxy War
“အင်တာနက် စာမျက်နှာများ လျှို့ဝှက်ဖတ်ရှုနည်း (RFA)” မှာကြည့်ပါ။
ဆိုတာကတော့ စစ်အေးကာလကထဲက ဆန့်ကျင်ဘက် အင်အားကြီးနိုင်ငံနှစ်ခုအကြား တိုက်ရိုက် ရင်ဆိုင်ပြီး စစ်မတိုက်ဘဲ စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံကြား (သို့မဟုတ်) ပြည်တွင်းစစ် (Civil War) ဖြစ်နေတဲ့ ဘက်ပြိုင် နှစ်ဖက် အဖွဲ့အကြား (အစိုးရတပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့အကြား) သူတို့အကျိုးစီးပွားကို အထောက်အကူရစေမဲ့ နိုင်ငံ (သို့မဟုတ်) အဖွဲ့တစ်ဖွဲ့ကို စစ်ရေးအထောက်အပံ့များပေးပြီး တိုက်ခိုက်စေတာဖြစ်ပါတယ်။
ကိုယ်တိုင် မတိုက်ဘဲနဲ့ ကိုယ်စားလှယ်နဲ့ တိုက်နေတဲ့စစ်ပွဲ ကို Proxy War လို့ခေါ်တာဖြစ်ပါတယ်။ဘလော့ဂါနှင့်နိုင်ငံရေး (Blogger & Politics)
ဥပမာ –
ယနေ့စစ်အေးလွန်ကာလမှာလဲ ဆီးရီးယားပြည်တွင်းစစ်မှာ ဆိုရင် ရုရှားနိုင်ငံက ဆီးရီးယားသမ္မတ အာဆတ်အစိုးရတပ်ဘက်ကို စစ်ရေးအထောက်အပံ့ပေးပြီး၊ အမေရိကန်နိုင်ငံကတော့ ဆီးရီးယားအစိုးရကို ဆန့်ကျင်တိုက် ခိုက်နေတဲ့ သူပုန်တပ်ဖွဲ့များကို အထောက်အပံ့ပေးခဲ့တာဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ခ် ဆိုတဲ့လူမှုကွန်ယက်က ၂၀၁၀ နောက်ပိုင်းမှ ပေါ်ပေါက်ခေတ်စားလာတာပါ။ ဖေ့စ်ဘွတ်ခ် မပေါ်ခင်က အင်တာနက်ပေါ်က ဘလော့ဂါများရဲ့ အခန်းကဏ္ဍက နိုင်ငံရေးမှာ တော်တော်အရေးပါခဲ့ပါတယ်။ Blog ဆိုတာကတော့ Online Article များဘဲဖြစ်ပါတယ်။ ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်ခေတ်မှာ ဘလော့ဂ်ကို သိပ်မသိကြသလိုဖြစ်နေတဲ့အပြင် “Blog” ဆိုတဲ့စကားလုံးကိုတောင် အသံနဲ့မှန်းပြီး “Block” လို့သုံးစွဲနေကြ တာကို တွေ့ရလို့ “Blog” ဆိုတာသိထားသင့်ပါတယ်။
ဒီနေ့အင်တာနက်ပေါ်မှာ အထူးသဖြင့်မြန်မာနိုင်ငံရဲ့အင်တာနက်ခေတ်ဦးပိုင်း ၂၀၀၀-၂၀၀၅ ပတ်ဝန်း ကျင် ဖေ့စ်ဘွတ်ခ် ခေတ်မစားခင်ကာလတွေမှာ Blog တွေခေတ်စားခဲ့ပြီး Blog ရေးသားသူများကို Blogger လို့ခေါ်ပါတယ်။ Blog ဆိုတာကတော့ Online Article များဘဲဖြစ်ပါတယ်။
(The term web log was first used during the late 90s, which later became ‘weblog’, then ‘we blog’, and finally just ‘blog’.)မူလစကားလုံးကတော့ Internet Website များပေါ်မှာရေးသားလို့ ၀က်ဘ်လော့ “web log” ဆိုတဲ့စကားလုံးကို ၁၉၉၀ ဝန်းကျင်မှာ စတင်သုံးနှုန်းလာတာပါ။ web log လို့ခေါ်ရာကနေ “weblog” နောက်တစ်ခါ “we blog” ဖြစ်သွားပြီး နောက်ဆုံးမှာ “we” ကိုဖြုတ်ပြီး “blog” လို့ခေါ်တာပါ။ (မြန်မာနိုင်ငံမှာတော့ Facebook မပေါ်ခင် ၂၀၀၅-၂၀၁၀ ဝန်းကျင်တွေမှာ Blog တွေခေတ်စားလိုက်ပါတယ်။)
ဒီနေရာမှာ “log” ဆိုတဲ့ စကားလုံးဟာ အဓိပ္ပါယ် အမျိုးမျိုးရှိပါတယ်။ သင်္ဘောကြီးတွေ၊ လေယာဉ်ခရီးစဉ်တွေရေးတဲ့ မှတ်တမ်းစာအုပ်များကို “Logbook” လို့ခေါ်ပါတယ်။ အင်တာနက်ပေါ်မှာ Email များ၊ Online Account များသုံးရာမှာလဲ Log In/ Log Out (သို့မဟုတ်) Sign In/ Sign Out စသည်ဖြင့်သုံးကြပါတယ်။
အဘိဓါန်မှာတော့ “log: a daily record of a ship’s rate of progress, events of a voyage etc.” လို့ ဖွင့်ပါတယ်။“Logbook” ဆိုတဲ့စကားလုံးကို သမိုင်းဖြစ်ရပ်မှန်ကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထားတဲ့ ကမ္ဘာကျော် Titanic ရုပ်ရှင်ထဲမှာသုံးတာတွေ့ရမှာပါ။ တိုင်တင်းနစ် ရုပ်ရှင်ထဲမှာ သင်္ဘောကြီး ရေခဲတောင်နဲ့တိုက်မိပြီး သင်္ဘောပေါ်ကို ရေခဲတုံးတွေကျလာချိန်မှာ သင်္ဘောအရာရှိက ရေလုံခန်းတွေကိုပိတ်ထားပြီးလို့ Logbook မှာ မှတ်တမ်းရေးပါလို့ ပြောလိုက်ပါတယ်။
“I close the watertight bulkheads. Record the time in the logbook.”နိုင်ငံရေးမှာ ဘလော့ဂါတွေရဲ့အခန်းကဏ္ဍမှာ ပထမဆုံးထင်ရှားတဲ့အဖြစ်အပျက်ကတော့ လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အမေရိကန်အထက်လွှတ်တော်အမတ် Strom Thurmond ရဲ့ အသက် ၁၀၀ ပြည့်မွေးနေ့ ပွဲမှာ အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ Trent Lott က Strom Thurmond ရဲ့ ၁၉၄၈ ခုနှစ်က အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့မှုအပေါ်မှာ မိမိတို့ထောက်ခံ့ခဲ့ကြောင်းနဲ့ ဒီအတွက်လဲ ဂုဏ်ယူမိကြောင်းပြောကြားခဲ့ပါတယ်။
တကယ်တော့ အဲဒီကာလက သမ္မတဖြစ်အရွေးခံခဲ့တဲ့ Strom Thurmond က အသားအရောင်ခွဲခြားမှုကို အတိအလင်း ထောက်ခံခဲ့တဲ့အတွက် Trent Lott ကိုယ်တိုင်လဲဘဲ အသားအရောင်ခွဲခြားမှုကို ထောက်ခံတဲ့ သဘောသက်ရောက်ခဲ့ပါတယ်။ သို့သော်လည်း အမေရိကန်နိုင်ငံရဲ့ C-SPAN လိုရုပ်သံ မီဒီယာကြီးကတောင် ဒီကိစ္စကိုလျစ်လျူရှုပြီး ဘာမှဝေဖန်ခဲ့ပါဘူး။
ဒါပေမဲ့ အင်တာနက်ဘလော့ဂါတွေက ဒီကိစ္စကို အတိအလင်း ရေးသားဖေါ်ထုတ်ခဲ့ကြလို့ ပင်မမီဒီယာကြီးများကလဲ လိုက်ပါဖေါ်ပြခဲ့ ကြပါတယ်။ အဆုံးမှာတော့ Trent Lott ဟာ အမေရိကန်နိုင်ငံ ရီပတ်ပလီကန်ပါတီရဲ့ အထက်လွှတ်တော်အမတ်အဖြစ်က နှုတ်ထွက်ခဲ့ရပါတယ်။ (Strom Thurmond က ၂၀၀၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်)။
စာကိုး
– The Encyclopedia of Political Science
– https://www.archives.gov/federal-register/electoral-college/map/historic.html#2008