ဒစ်ဂျစ်တယ်စာတတ်မြောက်မှု၊ ဒစ်ဂျစ်တယ် နည်းပညာကွာဟမှု(Digital Literacy & Digital Divide
Digital Literacy (ဒစ်ဂျစ်တယ်စာတတ်မြောက်မှု)
Digital Divide (ဒစ်ဂျစ်တယ် နည်းပညာကွာဟမှု)
Digital Tools တွေ မှာတော့ Internet, Email, Website တွေနဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းတွေနဲ့ တွဲဖက် အသုံးချရတဲ့ Office Tools (MS Word, Power Point, Excel, etc.) များ စတဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းများရဲ့ အသုံးချ Applications များ ဖြစ်ကြပါတယ်။ ဒါတွေကို သိနားလည်ပြီး မှန်ကန်တဲ့နေရာတွေမှာ (အဓိက ပညာရေးမှာ) မှန်ကန်စွာ အသုံးချနိုင်ရင်၊ ဒစ်ဂျစ်တယ်စာတတ်မြောက်မှု (Digital Literacy) ပြည့်စုံပြီလို့ဆိုနိုင်ပါတယ်။
Literacy ဆိုသည့် စာတတ်မြောက်မှုဆိုသည့် စကားလုံးသည် အဓိကအားဖြင့် စာပေများကို ဖတ်ရှုနိုင်စွမ်းနှင့် ပြန်လည်ရေးသားနိုင်စွမ်း (read & write) ဖြစ်သည်။
တစ်စုံတစ်ဦးသည် စာရေး၊ စာဖတ် မျှပင်မတတ်ပါက ၄င်း၏ဘဝတစ်သက်တာလူမှုဆက်ဆံရေးတွင် အခက်အခဲများမလွဲမသွေဧကန် ကြုံတွေ့ ရမည်ဖြစ်သည်။ ၄င်းတို့အနေဖြင့် အဆင့်မြင့်ပညာရပ်များ သင်ကြားရန်ခက်ခဲမည့်အပြင် ငွေကြေး ရရှိနိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းများလည်း မရနိုင်လောက်အောင် ခက်ခဲနိုင်ပေမည်။
ယနေ့ကမ္ဘာကြီးတွင် Knowledge Age, ICT Age, Globalization ခေတ်တို့သို့ရောက်ရှိနေပြီဖြစ်ရာ ဒစ်ဂျစ်တယ်စာတတ်မြောက်မှု(Digital Literacy) မှာ ကဏ္ဍစုံအတွက်လိုအပ်လာသည်။ အမေရိကန် ပြည်ထောင်စု Cornell University မှ ဒစ်ဂျစ်တယ်စာတတ်မြောက်မှုကို အောက်ပါအတိုင်းဖွင့်ဆိုထားသည်။
ယနေ့ ၂၁ ရာစုဒစ်ဂျစ်တယ်ခေတ်တွင် အရေးအကြီးဆုံးအချက် တစ်ခုမှာ သမိုင်းဆိုင်ရာနှင့် အခြားသောစာပေအထောက်အထားအရင်းအမြစ်များကို မှန်ကန်စွာ ရှာဖွေ တတ်ရုံမဟုတ်ဘဲ မိမိရှာဖွေထားသည့် အချက်အလက်များ၏အရင်းအမြစ်များမှာ ခိုင်လုံပြီးအသုံးတဲ့ရန်နှင့် မမှန်ကန်သောအချက်အလက်များကို စိစစ်ဖယ်ထုတ်နိုင်ရေးသည်လည်း အရေးပါလာပေသည်။
ဤသို့ စိစစ် ဖယ်ထုတ်နိုင်ရန်မှာ ကာယကံရှင်ကိုယ်တိုင် စာပေဗဟုသုတနှင့် ICT ဗဟုသုတ ကြွယ်ဝပြီး အကောင်း အဆိုး ဝေဖန်ပိုင်းခြားနိုင်မှုသည်လည်း လိုအပ်နေပြန်သည်။
ထို့အပြင် အင်တာနက် Website များ၏ မတူကွဲပြားသော ပုံစံနှင့် တင်ဆက်ထားသည်များကိုလည်း သဘောပေါက် နားလည်ထားသင့်သည်။
ဥပမာ-တစ်ကမ္ဘာလုံးရှိတက္ကသိုလ်၊ ကောလိပ်များမှ Website များ၏ Domain Name (or) Website Address (See More … အင်တာနက်ဒိုမိန်းလိပ်စာများ (Domain Name) များသည် .edu (Educational), .ac (Academic) နှင့်သာ တင်ထားကြသဖြင့် ၄င်းတို့သည် .com (Commercial Website) များနှင့် မည်သို့ကွာခြားသည်ကို သိရှိရမည် ဖြစ်သလို မိမိ၏ပညာရပ်ဆိုင်ရာ သင်ကြားရေးနှင့်သုတေသနလုပ်ငန်းများအတွက် .edu, .ac များကိုသာ အသုံးပြုသင့်သည်ကို သိနားလည်ထားသင့်သည်။
အင်တာနက်ပေါ်မှ အန္တရာယ်ရှိသော စာသား၊ ရုပ်ပုံ၊ အမုန်းစကား များကို အမြဲမပြတ်သတိပြုရန်နှင့် Online အသုံးပြုခြင်း၏ အကောင်း၊ အဆိုး၊ Cyber Security တို့ကို “အမှန်တကယ်” နားလည်တတ်ကျွမ်းသည့်သူများမှ စာသင်ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်များတွင် ဦးဆောင်ရှင်းလင်း သင်ကြားပို့ချပေးမှသာ ၄င်းတို့၏ ပညာရေးနှင့် သုတေသနလုပ်ငန်းများတွင် Digital Literacy မြင့်တက်လာမည်ဖြစ်ပေသည်။
ပညာရေးတွင် ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးလာသောကြောင့် ဒစ်ဂျစ်တယ်ကိုပစ်ပယ်သော ကျောင်းနှင့် ပညာရေးဌာနများသည် ခေတ်နောက်ကျကျန်ခဲ့လိမ့်မည်။ ခေတ်မီသောသင်ရိုးညွှန်းတမ်းများဖြစ်ရန် ပြုပြင်ကြရမည်။ စာသင် ကျောင်းတွေထဲ ကွန်ပျူတာတွေထည့်သွင်းရမည်။
ကျောင်းသားတွေကို အစဉ်အလာပညာရေးထက်၊ ဒစ်ဂျစ်တယ် ပညာရေးဖြင့် မိတ်ဆက်ပေးနိုင်ရမည်။ အွန်လိုင်းပညာရေးကို ကျောင်းသားများနှင့် ပေးတွေ့နိုင်စေရန် စီစဉ်ပေးရမည်။
ထိုအစီအစဉ်များကို ဆောင်ရွက်နိုင်ရန် ဆရာကိုယ်တိုင် ဒစ်ဂျစ်တယ်တတ်မြောက်ရမည်။ ဒစ်ဂျစ်တယ်ကို ဆရာကကျွမ်းကျင်မှ တပည့်ကိုပြန်သင်နိုင် မည်။ ကွန်ပျူတာသုံးပြီး သုတေသနလုပ်ရခြင်းကို ဆရာကလမ်းညွှန် ပြသနိုင်ရမည်။
အွန်လိုင်းတွင် အချက်အလက် ထောင်နှင့်သိန်းနှင့် ချီပြီးရနိုင်ကြောင်း၊ ဘယ်လိုင်းတွင် ဘာတွေရပြီး၊ ဘယ်လိုသင်ယူနိုင် ကြောင်း ဆရာကပြောနိုင်ရမည်။ အနာဂတ်ပညာရေးသည် ဆရာ က သင်ကြားသူမဟုတ်တော့။ လမ်းညွှန်ပြသပေးနိုင်သူသာ ဖြစ်လိမ့်မည်။
တစ်ကမ္ဘာလုံးရှိတက္ကသိုလ်၊ ကောလိပ်များ၏ Website များ၊ Google နှင့် Wikipedia တို့သည် ကျောင်းသားတို့ အတွက် တန်ဖိုးမဖြတ်နိုင်သည့် ရတနာသိုက်ကြီးဖြစ်ကြောင်း အနည်းဆုံး အခြေခံလောက်တော့ သိထားကြရပေလိမ့်မည်။
ဒီ Page မှာတော့ Digital Literacy ဆိုတာဘာလဲ?Digital Device ဆိုတာကတော့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းတွေဖြစ်ပြီး၊
Digital Divide (Device မဟုတ်ပါ) ဆိုတာဘာလဲ?
ဆိုတာကို အရင်သိထားဘို့လိုပါတယ်။
Digital Literacy (ဒစ်ဂျစ်တယ်စာတတ်မြောက်မှု) ဆိုလာရင် Digital Devices တွေ Digital Tools တွေကိုပါ သိနားလည်ပြီး မှန်ကန်စွာ အသုံးချနိုင်ဘို့ လိုအပ်လာပါတယ်။
Digital Tools တွေ မှာတော့ Internet, Email, Website တွေနဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းတွေနဲ့ တွဲဖက် အသုံးချရတဲ့ Office Tools (MS Word, Power Point, Excel, etc.) များ စတဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းများရဲ့ အသုံးချ Applications များ ဖြစ်ကြပါတယ်။ ဒါတွေကို သိနားလည်ပြီး မှန်ကန်တဲ့နေရာတွေမှာ (အဓိက ပညာရေးမှာ) မှန်ကန်စွာ အသုံးချနိုင်ရင်၊ ဒစ်ဂျစ်တယ်စာတတ်မြောက်မှု (Digital Literacy) ပြည့်စုံပြီလို့ဆိုနိုင်ပါတယ်။
Literacy ဆိုသည့် စာတတ်မြောက်မှုဆိုသည့် စကားလုံးသည် အဓိကအားဖြင့် စာပေများကို ဖတ်ရှုနိုင်စွမ်းနှင့် ပြန်လည်ရေးသားနိုင်စွမ်း (read & write) ဖြစ်သည်။
တစ်စုံတစ်ဦးသည် စာရေး၊ စာဖတ် မျှပင်မတတ်ပါက ၄င်း၏ဘဝတစ်သက်တာလူမှုဆက်ဆံရေးတွင် အခက်အခဲများမလွဲမသွေဧကန် ကြုံတွေ့ ရမည်ဖြစ်သည်။ ၄င်းတို့အနေဖြင့် အဆင့်မြင့်ပညာရပ်များ သင်ကြားရန်ခက်ခဲမည့်အပြင် ငွေကြေး ရရှိနိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းများလည်း မရနိုင်လောက်အောင် ခက်ခဲနိုင်ပေမည်။
ယနေ့ကမ္ဘာကြီးတွင် Knowledge Age, ICT Age, Globalization ခေတ်တို့သို့ရောက်ရှိနေပြီဖြစ်ရာ ဒစ်ဂျစ်တယ်စာတတ်မြောက်မှု(Digital Literacy) မှာ ကဏ္ဍစုံအတွက်လိုအပ်လာသည်။ အမေရိကန် ပြည်ထောင်စု Cornell University မှ ဒစ်ဂျစ်တယ်စာတတ်မြောက်မှုကို အောက်ပါအတိုင်းဖွင့်ဆိုထားသည်။
ထို့ပြင် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင်လည်း ဒစ်ဂျစ် တယ် စာတတ်မြောက်မှု (Digital Literacy) အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော် အဆင့်စီမံကိန်းနှင့် (Digital Literacy Framework) မူဘောင်ရေးဆွဲချမှတ်ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရသို့တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့ကြောင်းတွေ့ရ၍ ဒစ်ဂျစ်တယ်စာတတ်မြောက်မှု၏ အရေး ပါပုံကို တွေ့နိုင်ပါသည်။… Digital literacy is the ability to find, evaluate, utilize, share, and create content using information technologies and the Internet… (https://digitalliteracy.cornell.edu/)
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၂၈ ဇန်နဝါရီ၊ ၂၀၁၉ နေ့တွင် ဒေါ်ဇင်မာအောင်၊ ရန်ကင်းမဲဆန္ဒနယ်မှ ဒစ်ဂျစ်တယ်စာတတ်မြောက်မှု (Digital Literacy)အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော် အဆင့်စီမံကိန်းနှင့် (Digital Literacy Framework)မူဘောင်ရေးဆွဲ ချမှတ်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရသို့တိုက်တွန်း ကြောင်း အဆို။ထို့ကြောင့် ပုံနှိပ်ထုတ်ဝေရေးခေတ်ကုန်ဆုံးသွားနိုင်သည့်ယနေ့ကာလတွင်အင်တာနက်ကိုစနစ်တကျ သုံးစွဲနိုင်စွမ်းနှင့် အင်တာနက်ပေါ်မှသတင်းအချက်အလက်များ၊ စာအုပ်စာပေများ ရှာဖွေရယူနိုင်စွမ်းသည် လည်း ပိုမိုအရေးပါလာသည်ကိုတွေ့ရသည်။
ဤအဆိုကိုဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ ၂၀ ဖေဖေါ်ဝါရီ၊ ၂၀၁၉ နေ့တွင် ပြည်သူ့လွှတ်တော်မှအတည်ပြုခဲ့သည်။ https://www.pyithuhluttaw.gov.mm/sites/default/files/2019-01/2019-01-28-Agenda-26-Record.pdf