ဒစ်ဂျစ်တယ်နည်းပညာကွာဟမှု (Digital Divide)

ဒစ်ဂျစ်တယ်နည်းပညာကွာဟမှု (Digital Divide)
…The digital divide refers to the difference between people who have easy access to the Internet and those who do not. A lack of access is believed to be a disadvantage to those on the disadvantaged side of the digital divide because of the huge knowledge base that can only be found online…
Source URL: Defining the “Digital Divide” (Standford University) https://cs.stanford.edu/people/eroberts/cs181/projects/digital-divide/start.html
Digital Divide ဆိုသည်မှာ အထက်မှာဖေါ်ပြထားသကဲ့သို့ အခြားသူများအင်တာနက်ကို ကဏ္ဍ ပေါင်းစုံမှ လွယ်ကူစွာအသုံးချနေနိုင်ချိန်တွင် မိမိတို့မှာ မှန်ကန်စွာအသုံးမချနိုင်ဘဲ ကွဲပြားခြားနားစွာ (divide)ဖြစ်၍ နောက်ကျကျန်နေခဲ့ပြီး အင်မတန်ကြီးမားများပြားသည့် ပညာရပ်ဆိုင်ရာဗဟုသုတများ(huge knowledge) များသည်လည်း အင်တာနက် ပေါ်မှာသာ ရှာဖွေတွေ့ရှိနိုင်သဖြင့် ၄င်းတို့ကို နည်းစနစ် ကျနစွာ အသုံးမချနိုင်ခဲ့လျှင် (lack of access) ဖြစ်နေခဲ့လျှင် မည်သည့် အကျိုးအမြတ်မျှ မရနိုင်ဘဲ အသိပညာ ချို့တဲ့မှု (lack of knowledge) အလိုအလျောက်ဖြစ်သွားခြင်းကို ဆိုလိုသည်။

ဤနေ့၊ ဤကာလ Online Digital Library များပေါ်ပေါက်လာချိန်တွင် ယခင်ခေတ်ကကဲ့သို့ အချိန်ကုန်၊ ငွေကုန်၊ လူအပင်ပန်းခံပြီး စာကြည့်တိုက်သို့သွားရန်မလိုဘဲ မိမိလက်တစ်ကမ်းတွင်သာ စာအုပ် စာပေများရှိနေသည်ကို နည်းပညာကိုသိသူတို့ ကျော်တက်သွားပြီး၊ မသိသူများမှာ ကျန်ရစ်ခဲ့ပေမည်။

သုံးသပ်ချက်

တက္ကသိုလ်၊ ကောလိပ် သမိုင်းဌာနများအနေဖြင့် အင်တာနက်လိုင်းမရနိုင်လျင်တောင်မှ သမိုင်း ဘာသာရပ်သည် ရုပ်ပုံ၊ ဓါတ်ပုံ၊ မြေပုံများဖြင့် သင်ကြားပို့ချ၍ အကောင်းဆုံးဘာသာရပ် ဖြစ်သဖြင့် Visual aids in teaching အတွက် Computer, Slide Projector လုံးဝလိုအပ်နေပေသည်။

တက္ကသိုလ် ကောလိပ် ဌာနကြီးတစ်ခုအနေဖြင့် ချပေးထားသောဘတ်ဂျက်များအရ မဝယ်နိုင်စရာမရှိပေ။ ဤPost ကိုရေးရသည့် အဓိကအချက်မှာလည်း သမိုင်းအထောက်အထားအရင်းအမြစ်ဆိုရာတွင် စာသား (Text) တစ်မျိုးတည်းသာ မဟုတ်ဘဲ Proto History, Prehistory, Ancient Cities (Beikthano, Hanlin, Sriksetra, Bagan, Vesali, Mrauk U, Suvannabhumi), Modern History (Myanmar & Worldwide), Political Science, International Relation, Regional Organizations (UN, ASEAN, APEC, EU, BIMSTEC etc.) စသည့် သမိုင်းဘာသာရပ်ဆိုင်ရာ သင်ကြားရေးနှင့်သုတေသန လုပ်ငန်းများတွင် ရုပ်ပုံ၊ ဓါတ်ပုံ၊ မြေပုံ၊ မှတ်တမ်းရုပ်ရှင်၊ အသံ (Video, Audio) များတို့သည်လည်း စုဆောင်းရရှိသည့် သမိုင်း အထောက်အထားများတွင်ပါ၀င်နေပေသည်။


ယင်းအထောက်အထားများကို သင်ကြားပို့ချသူနှင့် သုတေသန ပြုစုနေသူများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ လက်တွေ့ကျကျတွေ့မြင်၍ ဗဟုသုတ တိုးပွားစေရန် အတွက် Multimedia Presentation Show များကို ကွန်ပျူတာ၊ ပရိုဂျက်တာများဖြင့် သင်ကြားပြသနိုင် ရပေမည်။

ယခု Popular ဖြစ်နေသည့် စကားအရ ကျောင်းသား၊ ကျောင်းသူများကို Thinking ရစေနိုင်ရန် စာချည်းသက်သက်ကို အလွတ်သင်ကြား၊ ပို့ချနေရုံမျှဖြင့် မရဘဲ လက်တွေ့သင်ကြားပြသလုပ်ဆောင်နိုင် ရမည်ဖြစ်သည်။
ယနေ့ Knowledge Age, ICT Age ကာလကြီးတွင် နိုင်ငံတကာနှင့် အမှီလိုက်နိုင်ရန်ဆိုရာ တွင်လည်း အထက်ပါ Visual aids in teaching အတွက် သင်ကြားပို့ချသူများ ကိုယ်တိုင်ကလဲ တတ်မြောက် ကျွမ်းကျင်ထားသင့်သည်။ ကွန်ပျူတာခေတ်တွင် အခြေခံကျပြီး အလွယ်ဆုံးဖြစ်သည့် MS Office (Word, Excel, Power Point) လောက်ကိုဖြင့် တတ်မြောက်ထားမှသာ အထက်ပါလုပ်ငန်းများကို လုပ်နိုင်မှာ ဖြစ်သည်။

အထက်ပါတင်ပြချက်များအတိုင်း မဆောင်ရွက်နိုင်ခဲ့လျှင် မိမိတို့၏ပညာရေးသည် ဒစ်ဂျယ်တယ် စာတတ်မြောက်မှု (Digital Literacy) ချို့တဲ့နည်းပါးပြီး၊ ဒစ်ဂျစ်တယ်နည်းပညာကွာဟမှု (Digital Divide) သို့ရောက်ရှိသွားနိုင်ပေမည်။


One thought on “ဒစ်ဂျစ်တယ်နည်းပညာကွာဟမှု (Digital Divide)

  • September 17, 2020 at 8:34 am
    Permalink

    Thanks. I am not pro web developer. I am one of the University staffs & only an amateur web developer. So I can’t purchase any app or software.

Leave a Reply

Translate »